part 1

154K 6.2K 312
                                    

ဝါး.......

ပါးစပ်ကိုအသားကုန်ဖြဲကာ လက်များကလဲ
ခေါင်းရင်းသို့ပစ်လျက် ကုတင်ပေါ်တွင် အကြောဆန့်နေသည့်
လူတစ်ယောက်

နာမည်က ဝေယံ

အသက်အားဖြင့် 17မပြည့်တပြည့်

အလုပ်အကိုင်ကတော့
wpဆိုတဲ့လောကမှာ author ဘွဲရ.။

ဝေယံ အဖေနဲ့အမေက
နောက်အိမ်ထောင်ကိုယ်စီနဲ့
တစ်ယောက် တစ်နိုင်ငံစီ ထွက်သွားကြတဲ့နောက်
ကြီးမားပြီး ခမ်းနားလှတဲ့ အိမ်ကြီးမှာတော့
ဝေယံတစ်ယောက်တည်းနေခဲ့ရသည်တဲ့လေ...။

ထိုခြောက်ကပ်နေတဲ့အိမ်ကြီးမှာ
ဝေယံမနေလို၍ သာမာန်တိုက်ခန်းလေးပဲဝယ်ယူကာ ထိုတိုက်ခန်းလေးမှာ
တစ်ယောက်တည်းနေထိုင်လာခဲ့သည်က
အပြင်လောကနဲ့တောင် အဆက်သွယ်ပျက်လုနီးနီးပင်ရှိချေတော့မည်။

ဆယ်တန်းအောင်သော်လည်း ကျောင်းဆက်မတတ်ချင်၍
ဆက်မတတ်ခဲ့ပေမယ့်
မည်သူမှပြောမဲ့သူမရှိပဲ
ဝေယံဘဝကြီးက သာယာနေသည်။

သူအားမချစ်၍
တစ်ယောက်တစ်အိမ်ထောင်စီနှင့်
နိုင်ငံရပ်ခြားထွက်ခွာသွားသော
မိဘနှစ်ပါးအားလည်း
ဝေယံ လွမ်းမနေပါ်

ဒါကဖြစ်တတ်ပါတယ် ဟုတ်တယ်မလား...။

လစဉ် အဖေဆီကရော အမေဆီကပါ
ပို့ပေးနေတဲ့ ငွေတွေကလည်း
ဝေယံအတွက် သုံးမကုန်ဖြုန်းမကုန်
ပိုလျံနေသည်ကို
ဘာဆိုဘာမှလိုမနေတာကြောင့်
ဝါသနာပါသယောင်ရှိလာတဲ့
စာရေးခြင်းအလုပ်ကိုပဲ လုပ်ခဲ့သည်ကိုလည်း
တားမည့်သူမရှိ ..
ဒါကိုပဲဝေယံကျေနပ်နေသည်။

တနေကုန်တနေကမ်း စာထိုင်ရေးနေလို့လဲ
တစ်ချက်လေးတောင်ဆူမဲ့သူမရှိတဲ့
ဒီလိုဘဝမျိုးက အရမ်းကံကောင်းမှသာ
ရနိုင်တာလေ ဟုတ်တယ်မလား။

အကြိုက်က နည်းနည်းတော့
ထူးဆန်နေမလားမသိ
gay တစ်ယောက်မဟုတ်လည်း
gay ဇာတ်လမ်းတွေရေးရတာကိုမှ နှစ်သက်သည်တဲ့လေ။

အထူးသဖြင့် uke တွေကိုပဲ
ပိုးစို့ပက်စက် ဇာက်နာစေပြီး
semeတွေပဲ အသားပေးရေးရတာမျိုးတွေကိုမှ
ခုံမင်သည်တဲ့။

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now