part 43

42.1K 3.7K 228
                                    

ပိုင်းလော့ကျင်း တူတော်မောင်နှင့် စာကြည့်ဆောင်ထဲတွင် စကားပြောနေတုန်း
ယင်းဝင်လာသည်

"ယီ သတင်းပို့တယ် ပြန်လာနေပြီ
နောက်သုံးရက်နေရင် ပြန်ရောက်မယ်တဲ့ အဆင်လည်းပြေခဲ့တယ်တဲ့"

ပိုင်းလော့ကျင်း မျက်လုံးတွေလင်းလက်သွားပြီး

"တကယ်ပဲသတင်းပို့လာတာလား"

ပိုင်းလော့ကျင်း ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့
ယီထွက်သွားပြီး သတင်းမကြားသည်က ရက်နှစ်ဆယ်နီးပါးရှိခဲ့ပြီလေ
ခုတော့ သတင်းပို့လာသည် နောက်သုံးရက်နေလျင်ပြန်ရောက်မည်ဟူ၍
အဆင်ပြေခဲ့သည်ကိုလည်းမှာလိုက်သေးသည်

ပိုင်းလော့ကျင်းမျက်နှာကပြုံးနေသလို ယင်းမျက်နှာကလည်းရွှင်ပြနေသည်

"ဦးရီးတော် ဆန္ဒပြည့်ဝတော့မှာပဲ ရှောင်ဖန်းဝမ်းမြောက်မိပါတယ်"

ရှောင်ဖန်းစကားကြောင့် ပိုင်းလော့ကျင်း ခေါင်းငြိမ့်ကာပြုံးပြလိုက်သည်
ပိုင်းလော့ကျင်း ယီအကြောင်းကောင်းကောင်းသိသည်
ဆေးပင်မတွေ့မချင်းပြန်လာမည်မဟုတ်
ယီက ထိုကဲ့သို့သောလူမျိုးပင်မဟုတ်ပါလား

နောက်ဆုံးတော့ ဖြေဆေးပင်ရလာခဲ့ပြီပဲ
.
.
.
.
.
.
...........................................................

"လော့ကျင်း မင်းမနေ့ညထဲကမအိပ်ဘူးမလား"

မနက်အစောကြီး နေရောင်ပင်မလာသေးခင်
ထပြီး ယီကိုစောင့်နေသည့်ပိုင်းလော့ကျင်းကို
ယင်း နည်းနည်းအမြင်ကပ်လာသည်
ဆေးပင်လည်း ရလာခဲ့ပြီကို အရမ်းတွေလောနေသည်လေ

"မဟုတ်ပါဘူး"

"မညာနဲ့ ကိုယ့်မျက်လုံးကိုပြန်ကြည့်ဦး
မြင်ယောင်သေးတယ် ယီမင်းကို ဘယ်လိုပြောမလဲဆိုတာ"

အနားမှာပွစိပွစိလုပ်နေသည့် ယင်းကို ပိုင်းလော့ကျင်းဂရုမစိုက်တော့ဘဲ ယီကိုမျော်နေမိသည်
တော်တော်လေးနေမြင့်သည်အထိ ပေါ်မလာသေး
ပိုင်းလော့ကျင်း ဖင်တကြွကြွဖြစ်နေသည်
ဒီနေ့ရောက်မည်ဟုပြောထားသည်မဟုတ်ပါလား

ခဏနေတော့ ရွဲ့ဂိုဏ်းချုပ်တို့ဆရာတပည့်နှစ်ယောက်ပါရောက်လာသည်

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now