part 34

45.6K 3.5K 387
                                    

ရှောင်ကျိ ထိတ်လန့်မူတွေနှင့်အတူ နိုးလာခဲ့သည်
အရိုက်ခံလိုက်ရတဲ့ဂုတ်ပိုးနေရာကနာနေသည်ကလွဲလို့
ထွေထွေထူထူးမရှိပေ
ရှောင်ကျိ သက်ပျင်းချရင်း
အရိုးကျိုးအောင်အရိုက်ခံရမည်ဟု ထင်နေခဲ့သည်

"ကို ကိုယ်လုပ်တော် ချန်"

ရှောင်ကျိ အသံကြောင့် အနားမှာရှိနေတဲ့အားလော့ကိုသတိရသွားသည်
ပြီးနောက်ခေါင်းထဲတန်းဝင်လာသည်က ဟွာချင်းကူ

"အ အားလော့
ဟွာချင်းးကူ ဟွာချင်းကူ ရော သူ သူဘယ်မှာလဲ"

အားလော့ သွေးရူးသွေးတန်းမေးနေတဲ့ ကိုယ်လုပ်တော်ချန်ကိုကြည့်ပြီး အားလော့ဘာပြောရမှန်းတောင်မသိတော့ပေ
အားလော့မျက်လုံးကိုစုံမှိတ်လိုက်ရင်း

"မိ မိဖုရားကြီးက သေမိန့်ချခံလိုက်ရပါပြီ"

ရှောင်ကျိရင်ထဲထိတ်ခနဲဖစ်သွားရသည်
မဖြစ်ဘူး မဖြစ်ရဘူး လွန်းငါ့ကြောင့်မသေရဘူး

"သတ် သတ်လိုက်ကျပြီလား မ မဟုတ်သေးဘူးမှတ်လား
ဘဘယ်မှာလဲ အားလော့ပြောပြပါ
ဘယ်နားမှာလဲ"

"မိဖုရားကြီးရဲ့နန်းဆောင်ရှေ့မှာပါ အဲဒီမှာက"

အားလော့စကားပင် မဆုံးလိုက် ကိုယ်လုပ်တော်ချန် ကပြေးထွက်သွားလေပြီ

ရှောင်ကျိ ဟွာချင်းကူရဲ့အဆောင်ရှေ့ရောက်တော့
မြင်လိုက်ရတဲ့မြင်ကွင်းက အသိစိတ်တွေလွတ်သွားစေသည်

ရဲမတ်တွေဝိုင်းရိုက်နေတာ မဟုတ်မှ
ဟင့်အင်း မဖြစ်ဘူး

ရှောင်ကျိ ရဲမတ်တွေကြားအတင်းတိုးဝင်လိုက်ပြီး
သွေးအလိမ်းလိမ်းဖြစ်နေတဲ့ခန္ဓာကိုယ်လေးကိုထွေးဖတ်လိုက်တော့ ရိုက်နေခြင်းကရပ်တန့်သွားသည်

"လွန်း လွန်းငါ့အသံကိုကြားရလား
မျက်လုံးဖွင့်ပါဦး လွန်း လွန်း"

ဟွာချင်းကူမျက်လုံးတွေဖြေးညင်းစွာပွင့်လာခဲ့သည်

"ယံ.."

အသံကတိုးလွန်း၍ ကြားရသည်ဆိုရုံလေးပင်

"အင်း ငါရှိတယ်
မသေပါနဲ့နော် ငါနဲ့အတူထွက်သွားမယ်လေ
ငါတို့နန်းတော်ရဲ့ဝေးရာကို အတူတူသွားမယ်လေ
နော်နော် မျက်လုံးတွေမမှိတ်လိုက်ပါနဲ့ "

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now