အရှေ့ဘက် ဥယာဉ်တော်(ဧကရာဇ်အပန်းဖြေသော ဥယာဉ်)အရုပ်ကြိုးပျက်နှင့် သစ်ပင်ပင်စည်အားမှီကာ မိုင်နေသည့်
အရှင့်အား ယင်းရောယီပါ စကားမစရဲပေ
ဘယ်တုန်းကမှ အရှင့်အားဒီလိုပုံစံနှင့်မတွေ့ဖူးခဲ့
ငယ်စဉ်ထဲက အရှင်နှင့်အတူ ပညာရပ်ပေါင်းစုံသင်ကာ
ကြီးပျင်းရသည်မို့ အရှင်နှင့်က ဧကရာဇ်နှင့်ကိုယ်ရံတော်ဟူသော အမည်နာမထက်ပိုမိုရင်းနီးသည့် ညီကိုသံယောဇဉ် ရှိသည်ဟုဆိုပေမည်
လူရှေ့ဆိုလျှင် ကိုယ်ရံတော်ဟု အမည်တပ်ကာ
အမိန့်ဆန်ဆန်အာဏာတွေပေးတတ်တဲ့ ဧကရာဇ်တစ်ပါးဖြစ်ပေမယ့် သုံးဦးသားရှိနေစဉ်မှာတော့
အရှင်က ရိုးသားပွင့်လင်းပြီး ဖော်ရွေတတ်သော လူငယ်လေးတစ်ယောက်သာသာရယ်ပါ
ယင်းနှင့်ယီကိုယ်တိုင်လည်း လူများရှေ့တွင်သာ ရိုသေနေခြင်းဖြစ်ပြီး လူကွယ်ရာတွင်တော့ သုံးဦးသားက
ပြောမနာဆိုမနာ သူငယ်ချင်းများပင်
ထိုမျှမက ကိစ္စတစ်ခုခု ပြီးမြောက်အောင်မြင်တိုင်း
အရက်သောက်ဖော် သောက်ဖက်များဖြစ်ခဲ့သည်အထိ
ရင်းနီးကျသည့်လူများပင်"ယင်း...ငါအဆင်မပြေဘူး
ဒီနားလေးက မွန်းကျပ်နေတာပဲ "ဘယ်ဘက်ရင်အုံအား ဖိကိုင်ကာပြောနေသည့် ပိုင်းလော့ကျင်းအသံက ကြေကွဲနေသည့်အတိုင်း
"လော့ကျင်း....ငါ့အထင်တော့ မင်း
ဆေးသောက်ဖို့လိုနေတာပဲ "ယီနဲ့ပိုင်းလော့ကျင်းအကြည့်တို့က ယင်းစီဒိုင်းခနဲ
ယင်း ကပိုင်းလော့ကျင်းရှေ့ထိုင်လိုက်ပြီး"စဉ်းစားကြည့်လေ မင်းကတိုင်းပြည်တစ်ခုလုံးကို ပခုံးပေါ်ထမ်းထားရတာလေ မင်သိလားလော့ကျင်း မင်းရဲ့စိတ်ကလေ တအားကိုပင်ပန်းရတာ မငိးဘယ်လောက်ပဲခံနိုင်ရည်ရှိရှိ မင်းမှာရှိတဲ့ဖိအားတွေကြောင့် မင်းကတအားပင်ပန်းရတာ
အဲကြားထဲကမှ ဒီနေ့ဆိုကြည့် မင်းရဲ့မိဖုရားကမူးမေ့လှဲတယ်
မင်းရဲ့ကိုယ်လုပ်တော်ကပျောက်သေးတယ်
အဲတော့ ငါပြောတာကိုနားလည်လား မင်းစိတ်ပင်ပန်းနေတာ
သမားတော်ကို ဆေးလေးဘာလေးဖော်ခိုင်းပြီး ကောင်းကောင်းနားလိုက် သက်သာသွားမှာပါ"
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉