part 17

53.8K 3K 52
                                    


"ဝေယံ မနေ့ကဘာလို့ကျောင်းမလာတာလဲဟ"

ပြောရင်း ဘုန်းရှိန်ဝါတစ်ယောက် ဝေယံဘေးဝင်ထိုင်ကာ ဝေယံသောက်နေသော ဆေးလိပ်လက်စအား ဆွဲယူကာခပ်ပြင်းပြင်းဖွာလိုက်ပြီး
အငွေ့ဖြူဖြူတွေကို ခေါင်းမော့ကာ ဖြေးညင်းစွာမူတ်ထုတ်လိုက်ရင်း အရသာခံသောက်လိုက်သည်
ဝေယံကမူ ဆေးလိပ်အသစ်ထုတ်ကာ သောက်နေသည်
ဝေယံက ဆေးလိပ်ဖွာရိုက်လိုက်ရင်း

"အိပ်ရာထနောက်ကျသွားလို့...."

"ကောင်းလိုက်တာ
ငါတို့မှာတော့ မင်းကိုမျှော်လို့"

ဘုန်းထက်ရှိန်ဝါ မျက်မှောင်ကျုတ်ကာပြောလိုက်ခြင်းပင်
ဝေယံကမူတစ်ချက်သာလှည့်ကြည့်ပြီး ပြန်လှည့်သွားသွားပြီး ဆေးလိပ်သောက်နေသည်

ထိုအခါ တစ်ယောက်တည်း သဲအိတ်ထိုးနေသည့် ရိုင်းသန့်က

"ပြောမနေနဲ့ဘယ်တုန်းကများ အဲကောင်ကျောင်းတတ်ချိန်မှန်ဖူးလို့လဲ
အိပ်ရာထနောက်ကျလို့ အီးအီးပါနေလို့ ရေချိုးနေလို့
ခေါင်းဖီးနေလို့ လက်သဲညှပ်နေလို့ အဲလို အဲလို
မရိုးနိုင်သောအကြောင်းပြချက်တွေနဲ့ အမြဲလိုလို ကျောင်းပျက်နေကျပဲကို...ဟူး... ပြောပြရတာမောထှာ"

ပြောပြီးသည်နှင့် ရိုင်းသန့်က သဲအိတ်ပြန်ထိုးနေသည်
ဘုန်းထက်ရှိန် ရိုင်းသန့်စကားကိုထောက်ခံသည့်အနေနှင့် ခေါင်းတဆက်ဆက်ညိမ့်ကာ

"ဒီကောင်လောက်တော့ မဆိုးပါဘူး"

ကြမ်းပြင်အလယ်ခေါင်တွင် ကာလသေကာလမော တခေါခေါအိပ်ပျော်နေသည့် လိုင်းမင်း အားလက်ညိုးထိုးကာ ပြောလိုက်ခြင်းပင်
ရိုင်းသန့်ကမူ လိုင်းမင်းအားတချက်ကြည့်ကာ
မနိုင်ဘူးဆိုသည့်သဘောနှင့် ခေါင်းခါပြရင်း
သဲအိတ်ဆက်ထိုးနေသည်

"လင်းဟိန်း တော်လိုက်တော့
လူမြင်လို့မကောင်းတော့ဘူး "

ဝေယံ ချောင်၌ကပ်ကာ နှာခေါင်းနှစ်ဖက်လုံး၌သွေးစီးချောင်းများနှင့် တဏုာမျက်လုံးဝင်းဝင်းတောက်ကာ 18+ဟု အမည်တပ်ထားသော စာအုပ်အားသဲကြီးမဲကြီးဖတ်နေသည့် လင်းဟိန်းအားအော်ပြစ်လိုက်သည်

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Où les histoires vivent. Découvrez maintenant