part 55

40.9K 3.2K 161
                                    

"နန်းတော်ကိုမီးရို့မယ်"

ပိုင်းလော့ကျင်း တမင်တကာအာပြဲကြီးနှင့်ထအော်သည်မို့ ယီလက်ဖြင့်လှမ်းပိတ်ရတော့သည်

စောက်ကောင် တမင်ပြဿနာရှာနေတာ

ယီနဲ့ပိုင်းလော့ကျင်း စကားပြိုင်နေတုန်းမှာပဲ
ရှောင်ဖန်းနှင့်တည့်တည့်တိုးလေသည်
ပိုင်းလော့ကျင်းမှာရှောင်ဖန်းလာနေကတည်းက
ကျော်သွားရန်မျက်စပြစ်ပြသော်လည်း သကောင့်သားက သူ့အားခေါ်သည်ထင်လို့ထင်
စိုက်စိုက်မြိုက်မြိုက်ကြီးကို ရောက်ချလာသည်

"ဦးရီးတော်..."

ရှောင်ဖန်းက ဦးညွတ်အရိုသေပေးတော့
နှစ်ယောက်သား လူခြင်းခွာလိုက်ကျရတော့သည်
ရှောင်ဖန်းက ယီဘက်လှညိ့ပြီး

"ဒီက ဦးလေးယင်း..........များလား"

"မဟုတ်ဘူး"

ယီရဲ့ဖြေယသံကပြတ်တောင်းတောင်း

"သြော်... ဦးလေးယီ သက်သာပါရဲ့လား"

ရှောင်ဖန်းမှာ တမင်တကာယီအားဒေါသထွက်လိုသည့်နှယ် ဆွနေသည်

ယီမှာရှောင်ဖန်းစကားကြောင့် မျက်နာကမဲမှောင်သွားပြီး

"မင်းသားလေးရဲ့ဦးရီးတော်ကျေးဇူးနဲ့
သက်သာတယ်"

ယီရဲ့ ခပ်ရွဲ့ရွဲအဖြေက ပိုင်းလော့ကျင်းအားသတ်ချင်နေသည့် အကြည့်တို့နှင့်ပြောသည်မို့ ရှောင်ဖန်းဇာက်လေးပုဝင်သွားကာ

"ဒါဆို ရှောင်ဖန်းကိုခွင့်ပြုပါဦး"

ရှောင်ဖန်း ထွက်သွားရန် ခြေလှမ်းမည်အပြု

"နေဦး....
မင်းသားလေး ဘယ်ကပြန်လာတာလဲ"

ဒီတစ်ခါ မျက်လုံးပြူးသွားရသည်က ရှောင်ဖန်းပါတည့်

"ဟို ဟို.."

အမှန်တကယ်က ဖွားလေးတို့စီကပြန်လာခြင်းပင်
ဒါပေမယ့် အမှန်တိုင်းဖြေလို့လည်းမဖြစ်တော့
ရှောင်ဖန်းတဟိုဟိုဖြင့် စကားရှာနေသည်

ယီရဲ့သံသယမျက်လုံးတွေက ပိုဆိုးလာပြီး

"အဲဒီ အထိန်းတော်မဟုတ်အပျိုတော်မဟုတ် တစ်ယောက်က မင်းသားလေးနဲ့အတော်လေးရင်းနှီးတယ်ကြားတယ်"

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now