part 47

42.2K 3.5K 113
                                    


ဆေးပန်ကန်လေးရှေ့ချကာ အူကြောင်ကြောင်လေးကြည့်နေသည့် ရှောင်ကျိကို
ပိုင်းလော့ကျင်း ဘာပြောရမှန်းတောင်မသိတော့
ရှောင်ကျိက မျက်တောင်လေးတွေပုတ်ခက်ပုတ်ခက်လုပ်ကာ
ပိုင်းလော့ကျင်းကိုကြည့်နေရင်း

"ဒီနေ့လည်း ရှစ်စွမ်းပို့ခိုင်းတာပဲလား"

ပိုင်းလော့ကျင်း ခပ်တည်တည်နဲ့ ခေါင်းငြိမ့်ပြလိုက်တော့ ကလေးပေါက်စက စဉ်းစားနေဟန်ပင်
စဉ်းစားလဲစဉ်းစားချင်စရာ ဆေးတိုက်နေတာလေးရက်တောင်ရှိခဲ့ပြီလေ
နောက်နှစ်ရက်ထိ လျောလျောရူရူသောက်ပါစေလို့တော့ ပိုင်းလော့ကျင်းမျော်လင့်နေမိတော့သည်

ရှောင်ကျိ နားမလည်ဟန်လေးဖြင့် ဆေးကိုယူသောက်လိုက်တော့မှ ပိုင်းလော့ကျင်းစိတ်အေးရသည် ဒီနေ့တွက်တော့ ပြီးသွားပြီ
တစ်နေ့တစ်နေ့ မနက်လင်းလာတိုင်း ဆေးတိုက်ရသည်ကမပင်ပန်းပေမယ့် ရှောင်ကျိကရစ်ချင်သည် ရွဲ့ဂိုဏ်းချုပ်ကျေးဇူးကြောင့်သာ အဆင်ပြေချောမွေ့ခဲ့ခြင်းပင်

ပိုင်းလော့ကျင်း ဆေးသောက်ပြီး မုန့်ယူစားနေတဲ့ရှောင်ကျိပါးလေးကိုညစ်လိုက်ရင်း

"ရေအရင်ချိုးလေ ညစ်ပတ်လေး
ကိုယ်ညီလာခံရှိလို့ ဒီနေ့နည်းနည်းကြာမယ်"

ပြောပြီး နဖူးပြေပြေလေးကိုငုံနမ်းကာ ထွက်သွားသည်
ရှောင်ကျိ နန်းတော်ကိုပြန်ရောက်ထဲက ပိုင်းလော့ကျင်းကထူးဆန်းနေသည် ဆက်ဆံတာမျိုးလည်းမလုပ်ပဲနဲ့ အရမ်းနူးညံ့နေသည်
ရှောင်ကျိ ဘာကိုနားမလည်နိင်တော့လို့ မစဉ်းစားတော့ဘဲ ရေချိုးဆောင်ဘက်သာထွက်လာခဲ့တော့သည်

ရေချိုးဆောင်ထဲရောက်တောု့ဖြူလုံးလေးတွေက ခြုံတွေဝင်ပြေးတော့သည် ရှောင်ကျိ စချင်လာသည်
အရင်တစ်ခါလို မသေရင်ရတာဲ့မဟုတ်လားဟု တွေးရင်း
ယုန်လေးတွေကိုလိုက်ဖမ်းတော့သည်

ဖမ်းမိလာတဲ့ယုန်လေးတွေကို ဇောက်ထိုးလေးတွေသစ်ပင်မှာတွဲထားရင်း
ဗိုက်လေးတွေကို ကလိထိုးကာစနေတော့ ယုန်လေးတွေက ဘဘောခွေ့နေတဲ့ပုံပင်

ရှောင်ကျိ တော်တော်ကြာတဲ့အထိယုန်တွေနဲ့ဆော့နေခဲ့ပြီးမှ
ယုန်လေးတွေရေချိုးဖို့ပြင်လိုက်ကာ ရေချိုးကန်စီလှမ်းအလာ ခေါင်းကမိုက်ခနဲဖြစ်သွားပြီး
လှဲကျသွားသည်
ခေါင်းတစ်ခုလုံး စူးအောင့်ကာ တူနဲ့ဝိုင်းထုနေသလိုမျိုးနားထဲမှာ ဆိုးဝါးစွာဆူညံနေသည် ရှောင်ကျိ မြက်ခင်းပြင်ပေါ်မှာလူးလိမ့်နေရင်း

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now