"ဧကရာဇ်အဆောင်တော်ကို သွားမယ်"
ပြတ်သားလှသည့် မိဖုရားခေါင်ကြီးစကားကြောင့်
အပျိုတော်လေးများ သေချင်စိတ်ပေါက်ရပြန်သည်
တနေကုန်ဖျောင်းဖြခဲ့လို့ ငြိမ်သွားရမှ
ယခုထဖောက်နေပြန်ပြီလေ
အထိန်းတော်တွေနဲ့အခြွေရံတွေ စိုးရိမ်စွာနှင့်ပင်"မယ်မယ်......"
ဟွာချင်းကူ အပျိုတော်တွေကိုပြုံးပြလိုက်ပြီး
"ဒီတစ်ခါ ကိုယ်လုပ်တော်ချန်စီသွားမှာမဟုတ်ဘူး
ဧကရာဇ်ကို သွားမှာ"ပြောပြီးရှေ့က ထွက်သွားသောကြောင့်
အထိန်းတော်တွေ ကြာကြာအံသြချိန်တောင်မရလိုက်ပဲ
နောက်မှလိုက်ရပြန်သည်ဟွာချင်းကူ ဧကရာဇ်အဆောင်တော်ရှေ့ရောက်တော့
အဆောင်ပြင်တော် အပြင်ဘက်မှာရှိတဲ့ အထိန်းတော်တွေမျက်လုံးကျွတ်ကျမတတ်ပြူးကုန်ကျသည်
ဟုတ်သည်လေ မိဖုရားခေါင်ကြီးက အတင့်ရဲလွန်းသည်မလား"အရှင်နဲ့တွေ့ချင်တယ် အကြောင်းကြားလိုက်ပါ"
ဟွာချင်းကူစကားကြောင့်
အထိန်းတော်တွေလည်း မျက်နှာပျက်ပျက်နှင့်ပင်
အပျိုတော်လေးတစ်ယောက်အား ကြောင်းကြားစေလိုက်သည်
အထိန်းတော်အားလုံးစိတ်ထဲတော့ ဘုရားတနေလျက်# # # # # # # # # # #
ပိုင်းလော့ကျင်း ဗိုက်ပြည့်တင်းသွားချိန်မှာတော့
ကုတင်ပေါ်က အဖြူရောင်ပိုးတုံးလုံးလေးကို ငေးကြည့်နေမိသည်
နဖူးပြေပြေလေး ပြီးတော့ မျက်လုံးဝိုင်းဝိုင်းလေး ပြီးတော့
နှာသီးသေးသေးလေး ပြီးတော့ နှတ်ခမ်းသေးသေးရဲရဲလေး ပြီးတော့
လက်ချောင်းသေးသေးလေး ပြီးတော့ ပြီးတော့ ပြီးတော့ အားလုံးအားလုံးက အူယားဖို့ကောင်းလွန်းလို့နေသည်
ပိုင်းလော့ကျင်း ရှောင်ကျိကိုမျက်တောင်မခက်ကြည့်နေတုန်း
အပျိုတော်လေးတစ်ယောက်ရောက်လာကာ"မိ မိဖုရားကြီးက တွေ့ တွေခွင့် တောင်းနေပါတယ်အရှင်"
အပျိုတော်လေး၏ စကားသံက အထစ်ထစ်အငေါ့ငေါ့
ဆိုပေသည့်တိုင် မကွဲပြားသည်တော့မဟုတ်သည့်အတွက် ပိုင်းလော့ကျင်း ရှင်းရှင်းလင်းကြားလိုက်ရသည်
ပိုင်းလော့ကျင်း မျက်နှာက အပြုံးရေးရေးဖျက်သမ်းသွားပြီး
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉