part 67(ဇာက်သိမ်း)မတွေတဲ့လူတွေတွက်ပါ

43.8K 1.7K 64
                                    


"ဖြေးဖြေး.."

ယိုင်တိုင်ယိုင်တိုင်နဲ့ အတင်းလျောက်ပြေးနေတဲ့ လုယိကိုရှောင်ကျိ လိုက်ထိန်းပေးရင်း
အထိန်းတော်တွေနဲ့အလုပ်ရူပ်နေသည်
ရှောင်ကျိ စိတ်ထဲထူးဆန်းတာကြောင့် ဟိုဒီဝေ့ဝဲကြည့်မိတော့
ခက်..မဟုတ်ဘူး မင်းသားရှောင်ဖန်း

"အထိန်းတော်လျဲ့လုယိကိုကြည့်ထားပေးပါဦး"

အထိန်းတော်လျဲ့ရယ်ပြရင်း

"စိတ်မပူပါနဲ့ ဒီနန်းတော်မှာသက်တမ်းအရင့်ဆုံးအထိန်းတော်ပါ"

လုယိနဲ့အထိန်းတော်တွေဥယာဉ်တော်ထဲပြေးလွှားနေသည်ကို ရှောင်ဖန်းကမျက်တောင်မခက်ကြည့်နေသည်
ရှောင်ကျိ အနားလျောက်သွားလိုက်ကာ

"အားလော့ကို ရှာနေတာလား"

ရှောင်ဖန်း သူခိုးလူမိသွားသလို ရယ်လိုက်မိသည်

"သူဘယ်သွားလဲ ခါတိုင်းမင်းအနားမှာအမြဲလိုလိုရှိနေတက်တာကို"

"လုယိလေ အချိုတွေအစားများတယ်ထင်တယ်
မနေ့ညက ချောင်းနည်းနည်းဆိုးနေလို့
သမားတော်ကြီးစီ ဆေးသွားတောင်းတယ်"

"သြော်..."

ရှောင်ဖန်း ကြင်လင်နေတဲ့ ကောင်းကင်ကြီးကိုမော့ကြည့်ရင်း

"ဒါမျိုးကို happy ending လို့ခေါ်တာမလား
happy ending "

ရှောင်ကျိ ရှောင်ဖန်းစကားကြောင့် သဘောကျစွာရယ်မိရင်း

"ဟုတ်ပါရဲ့ အဲလိုခေါ်တာထင်တာပဲ"

နှစ်ဦစသား တိုက်ဆိုင်စွာရယ်မိကျသည်

"ဆိုတော့ မင်းကအခု မိဖုရားခေါင်ကြီးပေါ့လေ"

ရှောင်ဖန်းစကားကြောင့် ရှောင်ကျိမျက်နာမဲ့လိုက်မိရင်း

"စိတ်မသက်သာလိုက်တာ အဲဒီရာထူးက"

ရှောင်ဖန်းကတော့ ပြုံးသည်ဆိုရုံသာ ပြုံးနေရင်း
တစ်နေရာရာကိုငေးကြည့်နေသည်

"ဒါနဲ့ ခက် မင်းငါ့ကိုနည်းနည်းလေးတောင်မမုန်းဘူးလား"

"မပြောတတ်ဘူးလေ မုန်းရမလား
ဟူး.....မင်းကဝေယံလို့သိခါစက စိတ်တိုမိတယ် ဒေါသထွက်မိတယ် ဒါပေမယ့်လည်း လက်စားချေစိတ်တော့ မရှိပါဘူး ငါက အစထဲကအဲလိုလူမျိုးမှမဟုတ်တာ အခုတော့လည်း
အားလုံးအဆင်ပြေသားပဲ စိုးရိမ်နေခဲ့မိတာ တစ်နေ့
ဒီလိုအဆင်ပြေပြေစကားပြောနိုင်လာဖို့"

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now