"ငါလုပ်တာ....."ယီထံ လက်ရွယ်နေသည့် ပိုင်းလော့ကျင်းလက်တို့ရပ်တန့်သွားရသည်
အသံက ယင်းထံမှလာသောကြောင့်ပင်"ငါခပ်လိုက်တာလို့....ဆေးက
ငါလုပ်လိုက်တာ"ငွေထုတ်လေးပိုက်ကာ ခေါင်းငုံပြီးပြောနေတဲ့ လေသံကကြားရတယ်ဆိုရုံလေး
"ယင်း...မင်းကလေ"
ပိုင်းလော့ကျင်း မယုံနိုင်သလို ယီမှာလဲ စွံအလျက်
"ဟုတ်တယ်
ဆန်မုန့်က ငါပို့ခိုင်းလိုက်တာ ငါလုပ်လိုက်တာ"ယင်း ခေါင်းလေးငုံထားရာမှ အပြစ်လုပ်ထားတဲ့ကလေးလေးတစ်ယောက်ကို ပိုင်းလော့ကျင်း ကိုကြည့်ရင်း
"မင်းငါ့တို့ကိုအပြင်ထွက်ခိုင်းတော့လေ ငါဗိုက်ဆာလို့
ဟင်းချက်ဆောင်ကိုသွားခဲ့တာ
ငါဆန်မုန့်စားနေရင်းတွေးမိတာ အဲဟာလေးကိုအမြင်ကပ်လို့
အဖြူရောင် ဝတ်မူံလေးနည်းနည်းလေး ဆန်မုန့်ထဲထည့်ပြီး ခဏနေရင် ကိုယ်လုပ်တော်ချန်စီ သွားပို့ဖို့မှာခဲ့တာ
ငါခိုင်းခဲ့တာ....လော့ကျင်း...ငါလုပ်တာ...
မင်းသိလား အဲဟာလေးကလေ ငါ့ကိုအရူးလို့ခေါ်တာ
ဥယာဉ်ထဲသွားတုန်းက ငါလိုက်ပို့ရတုန်းကလေ ငါ့ကိုအရူးလို့ခေါ်တာ"ပြောရင်း ရိုက်လာသည့် ယင်းကိုကြည့်ကာ ပိုင်းလော့ကျင်း
ရီချင်သွားသည်
ယင်းလို့် တကယ်ကို ပိုင်းလော့ကျင်းမထင်ခဲ့
ယီလို့သာထင်နေခဲ့သည်"နေပါဦး...မင်း..ဆေးဘယ်ကရတာလဲ"
မေးခွန်းက ယီစီကလာခြင်းပင်
ယင်းအား မယုံသလိုကြည့်နေကာ ထိုအကြည့်အား ပုံဖော်ရပါလျှင(် ကြောင်သူတော် ကြွက်သခိုးကောင်) ဟုအဓိပါယ်ရပေလိမ့်မည်ပိုင်းလော့ကျင်းမှာလဲ ငါလဲသိချင်တယ်ဟူသော အကြည့်မျိုးနှင့် ယင်းအားကြည့်နေလေသည်
"မင်းတို့မေ့နေတာလား ဟိုး...တလောတုန်းကလေ
လော့ကျင်း မင်းပဲခိုင်းခဲ့တာလေ ကာမအားတိုးဆေး ရောင်းဝယ်နေတဲ့လူတွေကို ဖမ်းမိတုန်းကလေ ဆေးတွေအကုန်ရှင်းပြစ်ဖို့ မင်းငါ့ကိုခိုင်းခဲ့တာလေ
ငါ့စီတစ်ပုလင်းကျန်နေတာ တမင်ယူထားတာတော့မဟုတ်ပါဘူး
မင်းတို့လဲသိတဲ့အတိုင်းပဲလေ အဖြူရောင်ဝတ်မူန်က
ကာမအားတိုးဆေးတွေထဲမှာ အာနိသင်အနည်းဆုံးနဲ့ အပျော့ဆုံးပဲမလား အဲတော့ ငါယူထားမိတာ ပြီးတော့ငါခပ်ခဲ့တာလဲ
နည်းဆိုနည်းနည်းလေးရယ်"

KAMU SEDANG MEMBACA
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasiကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉