"ဒါကပိုချိုတယ်"ယိဖေယန် ကိုက်ထားတဲ့မက်မွန်သီးကိုပြလျက်
ပြောတော့ ယင်းကရယ်လိုက်ရင်း လက်ထဲကအသီးကိုထောင်ပြကာ"ဒါကပိုချိုတာပါကွာ"
ယိဖေယန်ယင်းကို မျက်စောင်းထိုးရင်း
"ဒါကပိုချိုတာပါဆို"
"အင်းပါအင်းပါ အဲဒါကပိုချိုတာပါ "
ဘာတတ်နိုင်မှာလဲ တနေ့တခြားပေါက်စအပေါ်ရှိလာတဲ့သံယောဇဉ်က
သူလေးမျက်နာတစ်ချက်ပျက်မှာတောင်
မလိုလားတော့ဘူးလေ
ခုလည်း သူ့အလိုကျ အသီးတွေလိုက်ခူးပြီး
အဆောင်မှာ နှစ်ယောက်သားထိုင်စားနေကျခြင်းပင်ယိဖေယန် ယင်းကိုကြည့်ရင်း
"ရှစ်စွမ်းအမှားမဟုတ်ဘူးနော် ရှစ်စွမ်းကိုနည်းနည်းလေးတောင် အပြစ်မပြောရဘူး
ခင်ဗျားစိတ်တိုရင် အထိန်းတော်နှစ်ယောက်ကိုရှာပြီးသတ်"ယိဖေယန်စကားကို ယင်းနည်းနည်းတော့အလိုမကျပေမယ့် သူလေးနဲ့ပြဿနာမတတ်လိုပါ
ထို့ကြောင့် အင်းလိုက်ရတော့သည်ထိုစဉ်လူတစ်ယောက်အဆောင်ထဲဝင်လာသည်
ပိုင်းလော့ကျင်းပါတည့်"လော့ကျင်း မျက်နာလဲမကောင်းပါလား"
ပြိုတော့မည့်မိုးလို ဖြစ်နေတဲ့ပိုင်းလော့ကျင်းကို ယင်းစိတ်ပူစွာမေးလိုက်ခြင်းပင်
"ကလေးက ငါ့ကိုနှင်ထုတ်လိုက်တယ်"
ပိုင်းလော့ကျင်းစကားကြောင့် ယင်းမှာ ရယ်ရခက်ငိုရခက်နှင့်
"ချန်ရှောင်ကျိကလား မင်းကဘာသွားလုပ်လို့တုန်း"
ပိုင်းလော့ကျင်း စားပွဲဝိုင်းမှာဝင်ထိုင်ကာ
စားပွဲပေါ်ခေါင်းမှောက်လိုက်ရင်း"ငါ ငါနည်းနည်းကြမ်းမိသွားလို့"
ယိဖေယန်က ကြောင်တောင်တောင်လေးနားထောင်နေပေမယ့်
ယင်းကတော့ အော်ရယ်နေကာ"ဖြစ်ရမယ်မင်းတော့ နည်းနည်းတော့ဟုတ်ရဲ့လား"
ပိုင်းလော့ကျင်း ယင်းအမေးကိုမဖြေပဲ
စားပွဲနဲ့နဖူး တဒုန်းဒုန်းတိုက်နေလေသည်

YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉