part 42

43.9K 3.3K 137
                                    


"မင်းသားလေး "

အားလော့ မျက်စိရှေ့ကမြင်ကွင်းကြောင့် မျက်လုံးပင်ပြူးသွားရသည်
မင်းသားလေး ရှောင်ဖန်းက နန်းတော်နံရံကိုလှေကားထောင်ပြီးကျော်တတ်နေသည်လေ

"ဖွား ဖွားလေး"

"မင်းသားလေး အရှင်သာသိရင် ဒီတစ်ခါတကယ်ကြိမ်လုံးစာမိမှာပါနော် အမြန်ပြန်ဆင်းလာခဲ့ပါ ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ"

ရှောင်ဖန်း တုံးပေကပ်သပ်လုပ်ကာ မဆင်းလာဘဲအပေါ်လည်းဆက်မတတ်လုပ်နေသည်

"မင်းသားလေးဆင်းမလာဘူးဆို အော်လိုက်မှာနော်
ရဲမတ်တွေရောက်လာရင် အချုပ်ထဲတောင်ရောက်သွားနိုင်တာနော် အရှင်က ဖမ်းဖို့အမိန့်ချထားပြီးသားလေ မင်းသားလေးတကယ်ပဲအချုပ်ထဲနေချင်ပြီလား"

အားလော့စကားကြောင့် ရှောင်ဖန်းလန့်သွားပြီး

"ဘယ် ဘယ်သူက ဆင်းမလာဘူးပြောလဲ
ခုဆင်းလာပြီ"

ရှောင်ဖန်းအောက်ရောက်တော့ မျက်နာကိုဆူပုတ်ထားလိုက်ပြီး

"ဖွားလေး ရက်စက်တယ်"

"မင်းသားလေး အရှင်ကအခုစိတ်မကြည်နေတာပါနော်
အားလော့ကစေတနာသတိပေးတာပါ"

ရှောင်ဖန်း အားလော့လက်ထဲကမုန့်ဗန်းကိုမြင်သွားပြီး

"အာ့က ဘာလဲ"

"မုန့်တွေလေ မင်းသားလေးရဲ့"

"မုန်တွေမှန်းတော့သိတာပေါ့ ဖွားလေးရဲ့ ဘယ်သူအတွက်လဲလို့ ရှောင်ဖန်းအတွက်လား"

ရှောင်ဖန်းမျော်လင့်ချက်တွေနှင့်မေးလိုက်ပေမယ့်
အဖြေကြောင့် စိတ်ညစ်သွားသည်

"မဟုတ်ပါဘူး ကိုယ်လုပ်တော်ချန်အတွက်ပါ"

"ကိုယ်လုပ်တော်ချန် ..."

ရှောင်ဖန်း ရေရွတ်မိရင်း

"ဖွားလေးပြောတာ ချန်ရှောင်ကျိလား
သူဘယ်လိုလဲ အဆင်ပြေလား"

"မင်းသားလေးမသိသေးဘူးလား ကိုလုပ်တော်ချန်က
#~~~׿°>>±×÷~~#######$!
!!!***%~×÷<<¿¿÷%/%++.............."

အားလော့၏ မပြီးနိုင်သော ရှင်းပြမူကြီးအပြီး၌
ရှောင်ဖန်း သဲ့သဲ့သာပြုံးလိုက်ရင်း

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now