အချပ်ပို

37.9K 2.7K 406
                                    

(AN/အား...ကလေးတွေရေ လွမ်းနေတာပါနော်😚
နောက်ဆုံးပိုင်းမှာ ယင်းလေးယိဖေယန်ကိုလက်ထပ်ခွင့်တောင်းတော့
ရွဲ့ဂိုဏ်းမှာလက်ထပ်မယ်လို့ ပြန်ဖြေတာ မှတ်မိကျသေးလား မေ့နေစိုးလို့နွေးပေးတာ😁
အချပ်ပိုလေးကို ယင်းတို့လက်ထပ်ပွဲလေးကစရအောင်)

............................................................

ရွဲ့ဂိုဏ်းတွင်ဖြစ်သည်......

ယင်းနဲ့ယိဖေယန်ရဲ့ လက်ထပ်ပွဲလေးဟာ
ယိဖေယန်ရဲ့ဆန္ဒအတိုင်းပဲ ရွဲ့ဂိုဏ်းမှာကျင်းပဖို့ဖြစ်လာခဲ့ရသည်တည့်

"အိုင်းယား....ဂိုဏ်းချုပ်တောင် နန်းတော်မှာလက်ဆက်တာကို ဆရာတူညီလေး ဖေယန်က ဂိုဏ်းမှာပြန်လာလက်ဆက်တာ ဝမ်းသာစရာပဲ"

ဂိုဏ်းသားတစ်ယောက်အဆိုကြောင့် ကျန်ဂိုဏ်းသားတွေ သဘောအကျကြီးကျနေကျသည်

"ဒါပေါ့ ရှစ်စွမ်းလက်ဆက်ပွဲတုန်းက ဒီမှာလုပ်စေချင်ခဲ့တာ ဒါပေမယ့် ကျတော်ကြားတာတော့"

ထိုဂိုဏ်းသားလေးက ပြောမည့်စကားကိုရပ်ပါ
ပက်ဝန်းကျင် အရိပ်ခြေအား အကဲခက်လိုက်သည်
မခက်လို့လည်းမရ ခုချိန်မှာ ရွဲ့ဂိုဏ်းထဲ နန်းတော်ထဲကလူတွေချည်း မဟုတ်ပါလား

ကျန်တဲ့ဂိုဏ်းသားတွေကလည်း အကင်းပါးစွာ
အနားတိုးကပ်လာကျသည်

"ကျနော်ကြားတာတော့ ရှစ်စွမ်းနဲ့လက်ဆက်ခဲ့တဲ့.ကိုယ်ရံတော်အငယ်က
နန်းတော်မှာပဲ အတင်းလက်ဆက်ခိုင်းတာတဲ့"

ထိုဂိုဏ်းသားစကားကြားတော့ နည်းနည်းကြီးဟန်တူသော ဂိုဏ်းသားကပါ မကျေနပ်သည့် လေသံနှင့်ဝင်ပြောတော့သည်

"ငါလည်းထင်တော့ထင်တယ်
ငါတို့ဂိုဏ်းချုပ်လိုလူမျိုးက ယောက်ကျားချင်းသဘောကျစရာလား
သေချာတာတော့ မြူစွယ်ခံရတာပဲနေမှာ"

တစ်ယောာက်တစ်ပေါက် တွေပြောဆိုနေကျတော့
ငြိမ်ပြီးနားထောင်နေတဲ့ ဂိုဏ်းသားငယ်လေးတွေပါမနေနိုင်တော့
ဝင်ပြောကျတော့သည်

"ဟုတ်မှာဟုတ်မှာ
ကျနော်သိသလောက်ဆို အဲဒီကိုယ်ရံတော်အငယ်က ကိုယ်ရံတော် အကြီးနဲ့ စရိုက်လုံးမတူဘူးတဲ့
ခေါင်းမာသလို အကျင့်လည်း လုံးဝကိုမကောင်းဘူးတဲ့"

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now