"အရင်နိုးနေတာပဲ"
ဖူယွင့်စန်းကျောင် နိုးလာတော့ ယီကရေမိုးချိုးပြီးလို့
အဝတ်စားတောင်လဲပြီးနှင့်နေပြီ
ဖူယွင့်စန်းကျောင် စကားကိုမကြားချင်ယောင်ဆောင်ကာ
လက်ကို အမဲရောင်ကြိုးတွေရစ်ပတ်နေသည်"ဘာလို့ အမဲရောင်ပဲအမြဲဝတ်တာလဲ"
"ကြိုက်လို့"
ယီဖြေသံကပြတ်တောင်းတောင်းနှင့်
ဖူယွင့်စန်းကျောင် သမ်းလိုက်ရင်း
ဆံပင်တွေကိုအကုန်သိမ်းကျုံးပြီး ခပ်မြင့်မြင့်စည်းနှောင်နေတဲ့ ယီကြောင့် သဘောမကျစွာ"ဆံပင်တွေကရော အမြဲစီးထားမှရမှာလား"
ယီက ဆံပင်စီးနေရင်း
"ဖားလျားချထားရတာမကြိုက်ဘူး"
"တဝတ်လောက်ပဲစီ်းလေ စီးပေးရမလား"
"မလိုဘူး"
ပြောပြီး ဓားပါယူနေသည်မို့
"သွားစရာရှိလို့လား"
"မပြောပြဘူး"
ဘူးတစ်လုံးဆောင်ကာ ထွက်သွားသည့် ယီ
ဖူယွင့်စန်းကျောင် အပျင်းကြောဆန့်လိုက်ရင်းဆိုတော့ ငါက နန်းတော့မှာပဲနေရတော့မှာပေါ့လေ
လျောက်သွားချင်တာကိုကွာ...ဒါနဲ့ ဘယ်များသွားစရာရှိလို့ပါလိမ့်
နန်းတော်အပြင် ထွက်မဲ့ပုံပဲဘာဖြစ်ုဖြစ်ကွာ သူမှပြောမပြတာ
.....တကယ်ပဲ ဘယ်များသွားပါလိမ့်.....
သူကကိုယ်ရံတော်ပဲ လုပ်စရာတွေများမှာပေါ့
....နေရာလေးတောင် ပြောပြမသွားဘူး.....
ဖူယွင့်စန်းကျောင် အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ရေချိုးလိုက်ပြီး
သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်ကာ
စာကြည့်ဆောင်ဘက်ထွက်လာခဲ့သည်
တော်ဝင်စာကြည့်ဆောင်မှာ စာအုပ်မျိုးစုံရှိသည်ဟုသူကြားဖူးခဲ့သည်လေ.
.
.
.
.
.
.............................................................ညီလာခန်းမတွင်....
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉