part 48

43.1K 3.4K 98
                                    


နေသာသောနေ့လေးတစ်နေ့....

ဒီနေ့ဆို ဖြေဆေးရက်ပြည့်ပြီးသွားပြီး နှစ်ရက်ရှိခဲ့ပြီ
ရက်တစ်ရာပြည့်ပြီးနောက်တစ်နေ့က တစ်ခုခုလွဲမှာစိုးလို့ ကလေးကိုတစ်နေ့လုံးထိုင်ကြည့်နေခဲ့ပေမယ့် ဘာမှထွေထွေထူးထူးမရှိခဲ့ဘူး
အဆိပ်ကိုအောင်အောင်မြင်မြင်ဖြေပြီးပြီလေ

ပိုင်းလော့ကျင်း ညီလာခံမသွားသေးဘဲ
အိပ်မောကျနေဆဲဖြစ်တဲ့ ရှောင်ကျိကို ကြည့်နေရင်း
စချင်လာတာနဲ့ မျက်နာကိုလေနဲ့မူတ်လိုက်တော့
မျက်ခုံးလေးတွေတွန့်ချိုးသွားပြီး တဖက်လှည့်သွားလေသည်

ပိုင်းလော့ကျင်း ရယ်လိုက်ရင်း ကလိထိုးလိုက်တော့
ထငိုပါလေရော

"အီး...လူယုတ်မာကြီး သူများအိပ်နေတာကို"

ပြောပြီး မျက်လုံးလေးတွေပြန်မှိတ်သွားသည်
ပိုင်းလော့ကျင်း ပါးအစ်အစ်လေးကို ငုံနမ်းရင်း

"ညီလာခံသွားမလို့...ပြန်လာရင်
ဥယာဉ်တော်ထဲလျှောက်လည်ရအောင်
ကလေးကြားလား ကလေးလို့"

အတင်းဖိနမ်းကာ ပြောနေသည်မို့ ရှောင်ကျိအော်ပြီးတော့သာငိုလိုက်ချင်တော့သည်

"အင်းပါ...သွားပါတော့"

ပြောရင်း အိပ်ချင်မူးတူးနဲ့ပိုင်းလော့ကျင်းကို တွန်းလွတ်နေသည်
ပိုင်းလော့ကျင်း တွန်းကန်နေတဲ့လက်လေးကို အသာဆွဲယူပြီး နမ်းလိုက်ကာ စောင်ပါသေချာခြုံပေးခဲ့ပြီး ညီလာခံထွက်ခဲ့သည်

အဆောင်တော်အပြင်ဘက်မှာအသင့်စောင့်နေတဲ့ ယင်းနဲ့ယီက ပိုင်းလော့ကျင်းထွက်လာသည်နှင့်
အနောက်ကပါလာသည်က သက်တမ်းတစ်လျောက်လုံးဖြစ်နေကျဖြစ်စဉ်ကဲ့သို့ပင်

ပိုင်းလော့ကျင်း ယီကို မသိမသာစောင်းငဲ့ကြည့်လိုက်တော့ မြေပြင်ကိုကြည့်ရင်းလမ်းလျောက်နေသည်က မျက်ကလည်းမူန်သုန်နေသည်
ပိုင်းလော့ကျင်း သိပါသည် ယီစိတ်မပြေသေးမှန်း

"အဟမ်း...ယင်း
ညကျရင် ညစာအတူအတူစားရအောင်
ရွဲ့ဂိုဏ်းချုပ်တို့ရော "

ယင်း ပိုင်းလော့ကျင်းကိုလှမ်းကြည့်ကာ

"လော့ကျင်း မနေ့ကလည်းပြောထားပြီးသားမလား"

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now