"အဲဒါက သွေးဖြင့်ချည်နှောင်ခြင်းအဆိပ်ပဲ"ဖူယွင့်စန်းကြောင် စကားကြောင့် အခန်းထဲရှိလူတွေအကုန် ကြက်သေသေကုန်ကျတော့သည်
ပိုင်းလော့ကျင်း စွံအနေရင်း"အဲဒီလူသေရင် ရှောင်ကျိသေမှာပေါ့"
ဖူယွင့်စန်းကြောင် ပိုင်းလော့ကျင်းအမေးကို လေးပင်စွာခေါင်းညိတ်ပြရင်း
" အဆိပ်ဖြေနည်းကျမ်းက ရွဲ့ ဂိုဏ်းရဲ့ပထမဆုံးဂိုဏ်းချုပ် လက်ဆောင်ရခဲ့တာ
အမှန်လားမသိပေမယ့် ဇာက်လမ်းတစ်ပုဒ်ရှိခဲ့တယ် အဲဒီသွေးဖြင့်ချည်နှောင်ခြင်းအဆိပ်က အောက်လမ်းဆရာမတစ်ယောက်ဖော်စပ်ခဲ့တာ
သူမက ဘုရင်တစ်ပါးကိုမေတ္တာကျွမ်းဝင်မိလို့
ဘုရင်အတွက်ဖော်စပ်ခဲ့ပေမယ့် သူမ မတိုက်ရက်ခဲ့ဘူး
သူမက ဘုရင်စီမှာဝန်ခံခဲ့တယ် ဘုရင်က သေမိန့်ချခဲ့တယ် အဆိပ်ကို သူမအတူမြုပ်ခဲ့တယ်
အဲဒါက ပထမဆုံးဂိုဏ်းချုပ်လက်ထဲကတည်း ဒဏ္ဍာရီသာသာ ဇာက်လမ်းလိုပဲ အဲဒီလိုအဆိပ်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုးပေါ်လာရတာလဲ"ယီက နားမလည်စွာနဲ့
"အဲလိုဆို ပထမဆုံးဂိုဏ်းချုပ်လက်ထပ်ထဲက
ဒဏ္ဍရီ သာသာဖြစ်ခဲ့တာပေါ့ ဒါကအမှန်လို့ပြောနိုင်ပါ့မလား အဲဘုရင်ကဘယ်သူ ဘယ်တိုင်းပြည်ကကလဲဆိုတာ အတိကျမပြောနိုင်ဘူးပေါ့ အံလိုပုံပြင်သာသာထဲမှာရှိတဲ့ အဆိပ်က ပြင်မှာရှိတယ်ဆိုတော့ ပုံပြင်ကတကယ်လား
အဲလိုဆို အောက်လမ်းဆရာမရဲ့ဂုတ်ဂူကိုဖောက်ခဲ့ကျတာလား
စဉ်းစားစရာပဲ ဖောက်ခဲ့တယ်ဆိုရင်တောင်
ဒီလောက်တောင်ကြာနေပြီ အဆိပ်ကအာနိသင်ရှိပါဦးမလားပေါ့
ဒါဆို ဖြစ်နိုင်တာက အဲဒီအဆိပ်ဖော်စပ်နည်းကို
အောက်လမ်းစရာမက တစ်ယောက်ယောက်ကိုပေးခဲ့လို့ပဲလား "ယီစကာကို အားလုံးကစိတ်ဝင်တစားနားထောင်နေပေမယ်
ရွဲ့ ဂိုဏ်းချုပ်ကတော့"တကယ်ပဲ မစဉ်းစားတတ်တော့ပါဘူး"
"ဒါနဲ့"
ပိုင်းလော့ကျင်း စကားအစချီကာ ရွဲ့ ဂိုဏ်းကိုကြည့်လိုက်ပြီး
"မနက်က ထမင်းခွံတော့
စားလို့ကောင်းလား လို့မေးမိတယ် အင်း..လို့ပြန်ဖြေတယ် အဲဒါက ဘယ်လိုမျိုး..."
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉