part 29

46.7K 3.1K 83
                                    


"အရှင် မိဖုရားကြီးစီကပေးပို့လာတာပါ"

အထိန်းလျဲ့ စကားကြောင့် ပိုင်းလော့ကျင်းယူကြည့်လိုက်ရင်း

"ဘာပြောသေးလဲ"

"အဆောင်တော်ပေးအပ်မဲ့ ကိုယ်လုပ်တော်စာရင်းပါတဲ့"

စာအုပ်ကိုဖွင့်ဖို့ပြင်နေတဲ့ ပိုင်းလော့ကျင်းလက်တွေခဏမျှရပ်တန့်သွားရသည်
သက်ပျင်းတစ်ချက်ချပြီး ဖွင့်ကြည့်လိုက်တော့
သုံးယောက်မြောက်နေရာမှ ချန်ရှောင်ကျိတဲ့လေ

ဒီမိန်းမပျက်ကတော့

ပိုင်းလော့ကျင်းစိတ်ထဲဆဲဆိုလိုက်ရင်း
ဆက်ကြည့်ချင်စိတ်မရှိတော့
စာအုပ်ကိုပြန်ပိတ်လိုက်ကာ

"ကိုယ်လုပ်တော်ချန် ဘယ်မှာလဲ"

"အရှေ့ဘက် ဥယာဉ်တော်ထဲမှာပဲ
ကျနော်မျိုး အပျိုတော်တွေကို စော့င်ကြည့်ခိုင်းထားပါတယ် အစောင့်ရဲမတ်တွေကိုလည်း ဘယ်သူမှအဝင်မခံဖို့ မှာထားပါသေးတယ်"

အထိန်းတော်လျဲ့ စကားကြောင့် ပိုင်းလော့ကျင်း
မျက်ခွံလှန်ကြည့်မိရင်း

"အဲလောက်လုပ်ဖို့လိုလို့လား ကလေးနေရထိုင်ရမလွတ်လပ်ပဲနေဦးမယ်"

"အဲဒါက... အဲဒါက..."

ဘာဆက်ပြောရမှန်းမသိ ဖြစ်နေတဲ့အထိန်းတော်လျဲ့ကို
ပိုင်းလော့ကျင်းစိတ်မရှည်တော့ပေ

"ထားလိုက်တော့
မနက်ကတည်းက ကလေးဘာမှမစားရသေးဘူး
စားစရာတစ်ခုခုလုပ်ပေးလိုက်ဦး"

"ကျနော်မျိုး မုန့်တွေပို့ပေးထားပါတယ် အရှင်"

အထိန်းတော်လျဲ့ စကားကြောင့် ပိုင်းလော့ကျင်း ခေါင်းတစ်ဆက်ဆက်ငြိမ့်လိုက်ရင်း

"အင်း...မွန်းတည့်ခါနီးရင် ပြန်ခေါ်ခဲ့
ထမင်းတူတူစားမယ်"

"အမိန့်တော်အတိုင်းပါ "

"ဒါနဲ့ ရှောင်ဖန်းရော ခရီးဝေးကပြန်လာတာတောင်
လာနုတ်မဆက်ဘူးလား"

"ရှောင်ဖန်း မင်းသားလေးက နန်းတော်အပြင်ပြန်ထွက်သွားပါပြီ မွေးနေ့တော်ကျမှ
လာခဲ့ပါမယ်တဲ့"

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now