အမှန်တိုင်းဝန်ခံရပါလျှင် ဝေယံသည် ကြောက်တတ်သည့်လူစားထဲမပါ သို့ပေသည့်တိုင်
ပိုင်းလော့ကျင်း ဆိုသည့် အမည်နာမ်မပိုင်ရှင်ကိုတော့
သူတကယ်ကိုကြောက်ပါသည်...ကြမ်းတမ်းရက်စက်မူတို့ရဲ့အရှင်...
.....သူကိုယ်ဖန်ဆင်းခဲ့သည်လေ .......ရှောင်ကျိ အထဲဝင်ဖို့ရာ တံခါးကိုဖွင့်ဖို့ လက်တွန့်နေမိတယ်
ထင်ရာစိုင်းတတ်သည့် ကိုယ့်စိတ်ကိုလည်း အမူန့်ချင်စိတ်တွေကတဖွားတဖွားနှင့်
လာမဲ့ဘေးပြေးတွေ့မည်ဆိုသည့် စိတ်နဲ့ တံခါးကိုဆွဲဖွင့်ကာဝင်သွားလိုက်ပေမယ့်
တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ဝိညာဉ်ပင်လွင့်ချင်သွားရသည်တုံးလုံးပတ်လက်နှင့်တချို့အပျိုတော်များမှာ အသက်ပျောက်နေလေပြီ တချို့ကလဲ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနှင့်
သွေးအလိမ်းလိမ်းထွက်နေရင်း ပိုင်လော့ကျင်းရှေ့ဒူးထောက်လျက်ထိုင်နေကျသည်
ပိုင်းလော့ကျင်းနှင့် အပျိုတော်တွေကြားမှာ လှဲရက်သားယုန်လေးတွေရှောင်ကျိ ဂလု ခနဲ့မည်အောင် တံတွေ့မျိုချမိတယ်
ပိုင်းလော့ကျင်းက သူ့ကိုစိုက်ပြီးကြည့်နေတယ်လေ
ကြည်နူးနေသည့်အကြည့်တော့မဟုတ် နုတ်နုတ်ဆင်းချင်နေသည့်အကြည့်မျိုး
ရှောင်ကျိ စိတ်လူပ်ရှားလွန်းလို့ နဖူးနဲ့လက်ဖဝါးတွေမှာ ချွေးတွေပင်စို့နေပြီ
ရှေ့ဆက်လည်းမသွားရဲ နောက်ပြန်ဆုတ်ရအောင်လဲ
ပိုင်းလော့ကျင်းက သူ့ကိုတွေ့ပြီးသွားပြီ"မင်းလုပ်ခဲ့တာလား"
ရှောင်ကျိကိုစိုက်ကြည့်ကာ ပိုင်းလော့ကျင်းမေးလိုက်ခြင်းပင်
ရှောင်ကျိ မညာချင်တော့ ခုချိန်တော့မှ အပျိုတော်တွေပြောလို့ ပိုင်းလော့ကျင်းလဲသိပြီးလောက်ပြီ ရှောင်ကျိ သက်ပြင်းချလိုက်ပြီး"တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမျိုးမဟုတ်ဘူး
ကျနော်တို့ ကစားခဲ့ကျတာ လက်လွန်သွားတယ်ထင်တယ်"(AN/ငိ 😌 မညာချင်တဲ့ချိဖ👀)
ရှောင်ကျိ လေသံကိုအတတ်နိုင်ဆုံးဖျော့ထားတယ်
ပိုင်းလော့ကျင်း အနည်းငယ်လောက်ပဲ သနားလာမလားဆိုတဲ့စိတ်နဲ့
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉