"မင်း..လာခဲ့
ခုနကကိစ္စအရင်ရှင်းပြ"ပိုင်းလော့ကျင်း ယီကို လက်ဆွဲကာ အတင်းစားပွဲဝိုင်းမှာဝင်ထိုင်စေပြီး ဖြေရှင်းချက်တောင်းတော့သည်
အခန်းထဲတွင် ယင်းရော ရှောင်ကျိနဲ့အိမ်ရှေ့စံလေးပါရိနေကာ အားလော့နဲ့အထိန်းတော်လျဲ့လည်းရှိနေသည်ယီ ပင့်သက်ရိုက်လိုက်မိသည် နောက်ဆုံးတော့
အမှန်တွေပေါ်တာ့မှာပဲ"ငါပြောမယ် သေချားနားထောင်
စကားကိုဖြတ်မပြောနဲ့ပါးစပ်ပိတ်ပြီး
ဆုံးအောင်အရင်နားထောင်"ယီစကားကြောင့် အကုန်ကျောတွေပင်မတ်သွားသည်ထင်ရ၏
ယင်းက ရှောင်ကျိကိုလှမ်းကြည့်ကာ"အိမ်ရှေ့စံလေး လုယိက မင်းနဲ့ချန်ရှောင်ကျိနဲ့ရတဲ့ကလေးပဲ
ဒါကနည်းနည်းတော့ ယုံရခက်ပေမယ့် အမှန်ပဲ
အောက်လမ်းပညာနဲ့သန္ဓေပြောင်းကိုယ်ဝန်ဆောင်တာလို့ခေါ်တယ်
ဟိုးတုန်းကဧကရာဇ်တွေလက်ထက်က အမျိုးသားကိုယ်လုပ်တော်တွေက ကိုယ်ဝန်မဆောင်နိုင်ပေမယ့် ကလေးရချင်ကျတယ် အာ့ကြောင့် အပျိုတော်တွေတဆင့်ဆောင်စေပြီး ဒီနည်းနဲ့ရင်သွေးလွယ်တယ် ဒါပေမယ့် အဲဒီနည်းက
သန္ဓေသားပို့ခံရတဲ့မိန်းကလေးကိုထိခိုက်နိုင်တာမို့
ဥပဒေထုတ်ပြီးတားမြစ်ခဲ့တယ် အရင်ဧကရာဇ်လက်ထက်ကမှ ဘယ်သူမှအသုံးအပြုတော့လို့ ဥပဒေကိုပယ်ဖျက်ခဲ့တာ
တကယ်တော့ငါအစထဲက သတိထားမိပါတယ်
တမင်မပြောပဲနေခဲ့တာ အဲဒိအချိန်က မင်းငါ့ကိုရွဲ့ဂိုဏ်းချုပ်လက်ထဲထိုးထည့်တဲ့အချိန်လေ
ငါစိတ်တိုလို့ အိမ်ရှေ့စံအရွယ်ရောက်မှပြောပြမယ်စိတ်ကူးထားပေမယ့် အဲဒီမိန်းမယုတ်က လူပါးဝလွန်းနေလို့
ထပ်ပြီးကြည့်မနေနိုင်တော့ဘူး""ဒုန်း..."
ယင်းက စားပွဲခုံကိုထုကာ
"မင်းကိုအဲတာကိုခုမှပြောရသလား"
ယင်းစကားကြောင့် ယီမဲ့ပြုံးပြုံးကာ
"မကျေနပ်လို့ကိုမပြောတာကွာ.မင်းအပူတစ်ပြားပါလို့လား"
"မင်းတို့ခဏနေကျဦး...ဒါဆို အိမ်ရှေ့စံက ငါနဲ့ရှောင်ကျိရဲ့ကလေးပေါ့ အဲဒီမိန်းမက ခိုးယူတာပေါ့လေ"

YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉