part 51

47K 3.2K 327
                                    


"အမတ်တွေ လိုချင်နေတဲ့ အဖြေကို
ကိုယ်တော် ဒီနေ့အဖြေပေးမယ်"

ညီလာခံထဲမှာဟိန်းထွက်သွားတဲ့ ပိုင်းလော့ကျင်း အသံကြောင့် အမတ်တွေ အကုန်ငြိမ်သွားသည်က
အသက်ရးဖို့ပင်မေ့နေသည်အလားပင်

"မောင်းမင်းတို့ စိတ်ပူနေတဲ့မိဖုရားခေါင်းနေရာက
အင်မတန်အရေးပါလွန်းတယ် အဲတော့ကိုယ်တော်စဉ်းစားထားတယ် အရင်ဆုံးကြင်ယာတော်ရွေးချယ်ပွဲလုပ်ပြီး
နန်းတွင်းစည်းကမ်းတွေနဲ့အညီ လုပ်ရမယ်
ပြီးရင် အနောက်ဆောင်တော်က ဘယ်သူမဆို
ပထမဆုံး နန်းသွေးဖွားမြင်ပေးနိင်ရင်
တိုင်းပြည်ရဲ့မိဖုရားခေါင်နေရာရမယ်
မရှင်းတာရှိလား"

ဧကရာဇ် လုပ်သူ၏ စကားအဆုံး၌ အမတ်ကြီးတွေကအချင်းချင်းတွတ်ထိုးကာ
ခေါင်းတဆက်ဆက်ငြိမ့်ကာ တိုင်ပင်နှီးနောနေကြသည်

"နားမလည်တာရှိလား..."

ထပ်မံထွက်ပေါ်လာတဲ့ ပိုင်းလော့ကျင်းအသံကြောင့်ညီလာခံခန်းမထဲမှာ
ရှိနေတဲ့ အမတ်တွေအကုန် ညီးညွတ်သွားကျပြီး

"""သင့်မြတ်လှကြောင်း အရှင်....."""

ပိုင်းလော့ကျင်း အဓိပါယ်ပါပါပြုံးလိုက်ရင်း

"ကောင်းပြီ ဒါဆို
အထိန်းတော်ချုပ်ကြီးက ခဏမရှိတာမို့
စည်းကမ်းရေးရာဝန်ကြီးက ဒီကိစ္စကိုတာဝန်ယူလိုက်ပါ
ညီလာခံသိမ်းမယ်...."

ပြောပြီး ပိုင်းလော့ကျင်းထပြန်လာခဲ့သည်
ခြေလှမ်းတို့ကတော့ ယီရှိရာရွဲ့ဂိုဏ်းချုပ်အဆောင်ဘက်လှမ်းခဲ့လိုက်တော့သည် အနားမှာရှိနေတဲ့ယင်းကတော့ မူန်ကုပ်နေလျက်

ပိုင်းလော့ကျင်း ခပ်ပါးပါးရယ်လိုက်မိသည်
သူတမင်တကာ ယီစီကိုနောက်ကျမှလာခဲ့ခြင်းပင်
ယင်းကိုပြသနာရှာမှာစိုးလို့မခေါ်ချင်ပေမယ့်
ယိဖေယန်၏ ကြိမ်းဝါးမူနဲ့ ယင်းတစ်ယောက်တုပ်တုပ်တောင်မလူပ်ရဲပေ

ယင်း အစသိသိခြင်း ဂမူးရူးထိုးဖြစ်သွားပြီး
ရွဲ့ဂိုဏ်းချုပ်ကိုသတ်မယ်တွေဘာတွေဖြစ်ပေမယ့်
ယိဖေယန်ရဲ့ "လုပ်ရဲလား."ဆိုတဲ့စကားစုအပြီး
မီးကိုရေနဲ့ဖြန်းလိုက်သလိုငြိမ်ကျသွားပေမယ့်
မျက်နာကတော့ ဒေါသတို့ကအရှင်းသား

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now