ရှောင်ကျိတစ်ယောက် အဆောင်ပြန်ရာလမ်းတွင်
ရဲမက်တွေနှင့်ရူပ်ယှက်ခက်နေသည်
ရဲမတ်များမှာ ရှောင်ကျိအား လှည့်ကြည့်လှည့် လုပ်နေကြသည်"ငါလေးချစ်စရာကောင်းတာမှန်ပါတယ်
သမင်လည်ပြန်ကြည့်နေကြတာတော့မလွန်လွန်းဘူးလား"ရှောင်ကျိ ကိုယ့်အတွေးနဲ့ကိုယ်ရီရင်း
တခစ်ခစ်နဲ့ အူမြူးနေလေသည်"အဲဒီတစ်ယောက်မလား ကိုယ်လုပ်တော်ချန်က"
ရဲမက်တစ်ယောက်က ရှောင်ကျိနောက်ကျောအားကြည့်ပြီးပြောလိုက်ခြင်းပင်
ထိုရဲမက် အသံနှင့်အပြုမူကြောင့် အနီးနားရှိရဲမက်များပါစုဝေးလာကြသည်"သေချာလို့လားကွာ ငယ်သေးတယ်မလား"
"မင်းမမြင်ဖူးဘူးလား ငါတစ်ခါမြင်ဖူးတယ်
အရှေ့ဘက်ဥယာဉ်တော်ကို လာသေးတယ် အမွှာကိုယ်ရံတောတစ်ယောက်နဲ့လေ သူထင်တာပဲ""မဟုတ်လောက်ပါဘူးကွာ"
"တူတယ်လို့တော့ ထင်ရတာပဲ"
"ငါလည်း သူလို့ထင်တယ်"
"ရူးနေကျတာလား ငြင်းနေတာရပ်လိုက်ကြတော့ ကိုယ်လုပ်တော်ချန်က ထွက်ပြေးလို့မင်းတို့ကို လိုက်ရှာခိုင်းတာ ထွက်ပြေးတဲ့လူက မင်းတို့ရှေ့ခုလို ဖြတ်လျှောက်မလား ဦးနှောက်လေးဘာလေးသုံးကျ"
ရဲမက်ခေါင်းဆောင်၏ ဟောက်သံကြောင့် ရဲမက်ငယ်လေးများငြိမ်ကျသွားကာ လူစုကွဲသွားကြပြီး ရှာဖွေခြင်းအလုပ်ကို ဆက်လက်လုပ်ဆောင်ကြတော့သည်
(AN/မျက်စိလည်မှာဆိုးလို့ နည်းနည်းရှင်းပြမယ်နော်😁
ရှောင်ကျိက နန်းတော်ထဲလည်ပေမယ့် ဥယာဉ်တွေထဲလောက်ပဲသွားတာဆိုတော့လေ မြင်ဖူးတဲ့သူနည်းပါတယ် ပွဲမှာလည်းမျက်နှာကို ပဝါအုပ်ထားတော့ သိပ်မမြင်ဘူးကျပါဘူး😁 လူရှာတဲ့ရဲမတ်တွေ တော်ချက်နော်😅)* * * * *
ရှောင်ကျိ အဆောင်ပြန်ရောက်ချိန်တွင် အဆောင်ပြင်ဘက်၌ အပျိုတော်လေးတစ်ယောက်သာ ရှိနေပြီး
သူ့အားကြောင်ကြည့်နေသည်
ငါဒီနေ့ အရမ်းချောနေတာလား
အိပ်ရေးဝထားတော့ အသားရေကြည့်လို့ထင်ပါရဲ့
ခ်ခ်ခ်
![](https://img.wattpad.com/cover/183444248-288-k784265.jpg)
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉