"နေဦး..."ယိဖေယန် ဘုမသိဘမသိ အဆွဲခံလာရပြီးနောက် အသိပြန်ဝင်လာချိန်တွင် လက်ကိုဆောင့်ရုန်းလိုက်ပြီး
"ဘာကိစ္စဆွဲခေါ်လာရတာတုန်း ဟိုမှာစကားပြောနေကျတုန်းလေ "
ယင်းက ယိဖေယန်ကိုပြုံးပြလိုက်ပြီး
"မွန်းတည့်ကျော်နေပြီလေ ဗိုက်မဆာဘူးလား
မင်းစိတ်ချ စကားဝိုင်းက ဒီလောက်နဲ့ပြီးသွားပြီ""ဒါဆိုလည်း ဘာကိစ္စကျနော့်အတွက် ဆယ်ပင်စိုက်ပေးမယ်လို့ပြောတာလဲ ကျနော်ကိုယ့်ဖာသာစိုက်နိုင်တယ် ကျနော်အတွင်းအားမနည်းဘူး ရွဲ့ ဂိုဏ်းက အတော်ဆုံးတပည့်တစ်ယောက်ပဲ ဟွင့်"
ယင်း ခပ်ပါးပါးလေး ရယ်လိုက်ရင်း
"မဖြစ်စလောက် ပညာလေးနဲ့ မာန်တတ်ချင်မနေနဲ့ပေါက်စ ကွိသွားမယ် နှလုံးသွေးဆိုတဲ့စကားတော့နားလည်လား မင်းလက်မှာအတွင်းအားထည့်ပြီး မင်းရဲ့နှလုံးရိုက်တဲ့အခါ ပါးစပ်လျံတတ်လာတဲ့သွေးကိုပြောတာ တစ်ခါတည်းနဲ့တောင် ဘယ်လောက်နာမယ်မှတ်လဲ
ရက်တစ်ရာလောက် တစ်ရက်မှမပျက်ပဲ လုပ်ရမှာ
မင်းရဲ့ကောင်းလှပါတယ်ဆိုတဲ့အတွင်းအား ပလုံ ဆိုပြီးတောင်မြည်သွားမယ်"ယင်းစကားကြောင်း ယိဖေယန် အနည်းငယ်လန့်သွားသည် သို့ပေမယ့် ဟန်ဆောင်လိုက်ရင်း
"အဲ အဲတော့လည်း ဘာဖြစ်လည်း ကျနော်မလုပ်ရဲဘူးထင်နေလား ကျနော်ယောက်ကျား ဘာမှမကြောက်ဘူး သေဆိုလည်းသေပေါ့ ဘာကြောက်စရာရှိလဲ"
ယင်းက ယိဖေယန်ခေါင်းပေါ်က မရှိတဲ့ဖုန်တွေရှာကြံခါပေးရင်း
"ရူးမိုက်တာနဲ့ သတ္တိရှိတာ မတူဘူးကွပေါက်စရ
သတ္တိရှိလွန်သွားရင် ရူးမိုက်သလိုဖြစ်သွားမယ် ဘဝကနှစ်ခါမရဘူး ကိုယ့်ကိုကိုယ်တန်ဖိုးထားစမ်းပါ"ယိဖေယန် ယင်းကိုမအူမလည်လေးကြည့်လိုက်ရင်း
"အဲလိုဆို ကိုယ်ရံတော်ကြီးကရော
ကျနော့်အတွက်ရောဆို နှစ်ဆယ့်ငါးပင်တောင်မလား
ရှစ်စွမ်းထက်တောင်များသွားပြီ ကိုယ်ရံတော်ကြီးလည်းရူးမိုက်တာပဲလေ"

ESTÁS LEYENDO
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasíaကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉