"ဘာ...!!"ပိုင်းလော့ကျင်း၏ အော်သံအောက်တွင်
အထိန်းတော်လျဲ့ရော အားလော့ပါဒူးထောက်ပြီးသားဖြစ်သွားကာ
ရှောင်ကျိပင်လန့်သွားရတော့သည်"အခုဘယ်မှာလဲ ဘယ်ကိုထွက်သွားတာလဲ"
ပိုင်းလော့ကျင်း စိတ်တွေပူလာသည်
ယင်းကယိဖေယန်နဲ့အတူရှိနေမည်ဆိုတော့ ထိုသူက ယီပင်ဖြစ်ပေလိမ့်မည်
မဖြစ်ဘူး မဖြစ်ဘူးဧကရာဇ်စကားကြောင့် အားလော့တုန်သွားကာ
နဖူးနဲ့ကြမ်းပြင်ထိလိုက်ပြီး"နောက်ကနေလိုက်ကြည့်တာတော့ ရွဲ့ဂိုဏ်းချုပ်အဆောင်ထဲဝင်သွားတာပါ အရှင်"
ပိုင်းလော့ကျင်း သိသိချင်း ရွဲ့ဂိုဏ်းချုပ်အဆောင်စီ
သွားဖို့လုပ်ပေမယ့် တံခါးဝမှာတင်ခြေလှမ်းတွေကရပ်တန့်သွားကာနေပါဦး ရွဲ့ဂိုဏ်းချုပ်လား....
ရှောင်ကျိ တံခါးဝကရပ်ကာ ဆက်မသွားတော့တဲ့
ပိုင်းလော့ကျင်းကြောင့်"အမြန် သွားလေ လက်မလွန်ခင်"
ပိုင်းလော့ကျင်း ရှောင်ကျိကိုကြည့်လိုက်ပြီး
"လွတ်ထားလိုက်တာမကောင်းဘူးလား
ကလေးပဲစဉ်းစားကြည့်လေ နှစ်ယောက်လုံးလူလွတ်တွေပဲကို ဒါကမိုးနတ်မင်းစီစဉ်ပေးတဲ့ ရှားပါးအခွင့်ရေးပဲ
မဟုတ်ရင် သူတို့နှစ်ယောက်လုံး အိမ်ထောင်ကျမဲ့လမ်းမမြင်ဘူး"ပိုင်းလော့ကျင်း စကားကြောင့် ရှောင်ကျိ မအူမလည်လေးဖြစ်သွားရတော့သည်
ပိုင်းလော့ကျင်း အထိန်းတော်နှစ်ယောက်ကိုကြည့်လိုက်ပြီး
"မင်းတို့နှစ်ယောက်.....
သမားတော်ကြီးကိုပါခေါ်ပြီး တနေရာရာမှာပုန်းနေလိုက် နန်းတော်ထဲမှာ ယီမထင်ထားမဲ့နေရာက........."ပိုင်းလော့ကျင်း အတော်ကြာစဉ်းစားလိုက်ပြီး
"သိပြီ မယ်တော်ရဲ့အဆောင်တော်ကို သွားပုန်းနေလိုက် ယီဘယ်လိုမှထင်မှာမဟုတ်ဘူး
အခြေနေငြိမ်လောက်မှ ပြန်ခေါ်မယ် "အထိန်းတော်လျဲ့နဲ့အားလော့က ကြောက်ဒူးတုန်ပြီး
အမြန်ပင်ထွက်သွားကျလေသည်
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉