part 37

44.6K 3.5K 177
                                    

သို့နှင့် ပိုင်းလော့ကျင်းတို့သူငယ်ချင်းသုံးယောက်
ရှောင်ဖန်းလမ်းပြမူနှင့် ထိုအမျိုးသားဆောင်ကြာမြိုင်သို့ရောက်လာရတော့သည် ရှောင်ဖန်းအားမခေါ်ခဲ့လို့လည်းမရ
သူမှသာလမ်းသိမည်လေ

ဆောင်ကြာမြိုင် ဆိုပေမယ့် တခြားဆောင်ကြာမြိုင်တွေလိုဆူညံနေခြင်းမရှိ
တိတ်ဆိတ်နေသည်က သိုင်းကျင့်လို့ကောင်းသည့်နေရာကဲ့သို့ပင်

အဆောင်တစ်ခုစီက သူ့အနေထားနှင့်သူ အတော်အတန်ကြီးသည်

လှပသည့်အဆောင်တွေက လှမ်းမြင်ရသည်ဆိုရုံ သီးသန့်သဘောမျိုးတည်ဆောက်ထားသောကြောင့်
ဤဆောင်ကြာမြိုင်က တော်တော်လေးကျယ်ဝန်းလိမ့်မည်ဟု ပိုင်းလော့ကျင်းမှတ်ချက်ချရတော့သည်

"ရောက်ပြီ ရောက်ပြီ
သခင်လေးတို့လေးယောက် လူဘယ်ယောက်ခေါ်မလဲ
ခြောက်ယောက်လား ခုနစ်ယောက်လား"

အဆောင်အားလမ်းပြရင်း ဧည့်ကြိုမိန်းမကြီး၏အသံက
စူးနေကာ နားစည်တွေပင် ကျလိကျလိမည်လာသည်အထိ

"အဟမ်း...လေး လေးယောက်ပဲ"

ပိုင်းလော့ကျင်း မျက်နာရိပ်မျက်နာကဲ လှမ်းပြတော့
ယီမပြောချင်ပြောချင်မှင့်ပြောလိုက်ရသည်
မခေါ်လို့လည်းမရ လာသည်ကိုကဆောင်ကြာမြိုင်လေ

ထိုဧည့်ကြိုအမျိုးသမီးကြီးက ယင်းတို့လေးယောက်အားတစ်ချက်ကြည့်ပြီး မခို့တရို့ပြုံးကာ

"ဒါဆို အနားယူရင်းခဏစောင့်ပါ
ကလေးတွေ မကြာခင်ရောက်လာပါလိမ့်မယ်"

အမျိုးသမီးကြီးက ပြောပြီးပြန်သွားလေသည်

သူတို့ကိုလိုက်ပို့သည့်အဆောင်က သာမာန်အဆောင်တွေထက် အနည်းငယ်ကြီးသည်
သို့သော်လည်း ထိုအဆောင်ထက်ကြီးသည့်အဆောင်တွေလည်း
တော်တော်များများရှိသည်
တခြားဆောင်ကြာမြိုင်တွေလေ နှစ်ထပ်မျိုးကိုမှ
အခန်းခွဲသည်မဟုတ်ပဲ တစ်ထပ်အဆောင်သီးသန့်လေးတွေလုပ်ပေးထားသည်

ယင်းအဆောင် တံခါးကိုဖွင့်လိုက်တော့
အထဲတွင်အတော်လေးကျယ်ဝန်းကာ အခန်းအလှဆင်ထားသည်ကလည်း မြင်ရသူမျက်စိပဏာသင့်စေသည်

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now