part 62

41.5K 3.7K 252
                                    


ဒီနေ့ ပိုင်းလော့ကျင်းက အဆောင်မှာပဲရှိနေကာ
စာလွှာတွေနဲ့ပဲရှိနေတာမို့ ရှောင်ကျိပျင်းလာသည်

"ပိုင်းလော့ကျင်း ကျနော်ရှစ်စွမ်းတို့စီသွားဦးမယ်"

"သွားလေ ပြီးရင်လိုက်လာခဲ့မယ်"

ရှောင်ကျိ ခေါင်းညိတ်ကာ ထွက်လာခဲ့သည်
ခုတလော ရှောင်ကျိလုံးဝစိတ်မပျော် သူကအခုမိဖုရားဖြစ်သွားပေမယ့် ဘာလို့မပျော်ပါလိမ့်

အင်းလေ သူက အစထဲက ရာထူးတွေဂုဏ်တွေငွေတွေမက်ခဲ့တဲ့သူမှမဟုတ်ပဲ

နန်းတော်ထဲမှာတော့ပွတ်လောရိုက်ခဲ့တယ်
ပြည်သူတွေကြားမှာအထူးဆန်းသတင်းအနေနဲ့ညံနေတာပဲ
ယောက်ကျားလေးတစ်ယောက်က အလွန်ဆုံးဖြစ်နိုင်တာ ကြင်ယာတော်အဆင့်ပဲရှိတာမို့
အားလုံးအံသြသင့်ရသလို ကိုယ်တိုင်လဲအံသြခဲ့ရတယ်

အမျိုးသားမိဖုရားတဲ့....

ရယ်စရာတော့ကောင်းတယ်မလား
ကျနော့်လို ယောက်ကျားလေးတစ်ယောက်က မိဖုရားတဲ့
အမတ်ကြီးတွေကလည်းဖြေရှင်းချက်တောင်းတယ်ကြားတယ် ပိုင်းလော့ကျင်း ဘယ်လိုဖြေလိုက်လဲမသိပေမယ့်
အခုတော့ အားလုံးငြိမ်သွားကျပြီ

ဒါတောင် သာမာန်မိဖုရားပဲရှိသေးတယ်
ဘာလို့ နန်းတော်မှာ မရေနိုင်အောင် ရာထူးတွေပေါ ပါလိမ့်
မိဖုရားဆိုပြီးပြီးပေါ့
အဆင့်အဆင့်တွေကခွဲနေသေးတယ်
ရူပ်ယှက်တွေကို ခက်နေရောပဲ

ရှောင်ကျိအတွေးနဲ့ လျောက်နေတုန်း
သူမမြင်ချင်ဆုံးသူနဲ့ တည့်တည့်ကိုတိုးသည်
ဘာတဲ့ မြောက်နန်းစံမယ်မယ်ဆိုလားပဲ
အားလော့တစ်ခါက အဝေးကနေလှမ်းပြလို့မြင်ခဲ့ဘူးပါသည်
အနီးကပ်တော့မဟုတ်ပေမယ့် ဧကရာဇ်လောက်နီးနီးအခြွေရံတွေနဲ့ ဒီလိုမောက်မာတဲ့မျက်နာထားမျိုးနဲ့ သူ့ရှေ့မှာပေါ်လာတာ ဒုမိဖရားမဟုတ်လို့ ဘယ်သူဖြစ်နိုင်ဦးမှာတဲ့လဲ

သူမကရှောင်ကျိကို ဘာလို့စိမ်းစိမ်းဝါးဝါးကြည့်နေလဲတော့ ရှောင်ကျိမသိပေမယ့်
ကြားရတဲ့သတင်းတွေအတိုင်းဆို သူမက
ပိုင်းလော့ကျင်း အနှစ်သက်ဆုံးမိဖုရားတဲ့
အဲဒီအချက်က ရှောင်ကျိကိုအဆင်မပြေစေဘူး
အဲဒါကြောင့်လည်း ဒုမိဖုရားဆိုတဲ့သူမနဲ့
တွေ့မှာမလိုလားခဲ့ဘူး
ခုတော့.....

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now