part 24

49.9K 3.6K 150
                                    

အဟက်...ရူးလိုက်တာ
.....လွမ်းနေတာတဲ့လား.....

ရှောင်ကျိ ခပ်ရေးရေးမျှပြုံးမိသွားသည်

ဒီလိုဆိုတော့လည်း အဆိုးတွေချည်းမဟုတ်ဘူးပဲ

ဟွာချင်းကူ ရုတ်တရက်ခေါင်းထောင်လာကာ

"ယံ အပြစ်ပေးခံတာလား"

သူမ သတင်းကြားခဲ့တုန်းက ယံမှန်းမသိခဲ့
ဧကရာဇ်က ကိုယ်လုပ်တော်ချန်ကို အပြစ်ပေးတယ်လို့ပဲ
ကြားခဲ့ရသည်
ခုယံပုံစံကလည်း ဖျော့တော့ပြီး အားမရှိသည့်နှယ့်

ရှောင်ကျိ ဘာမှပြန်မဖြေတော့ဘူး
နန်းတော်တစ်ခုလုံး သတငိးကပျံ့ ပြီးသားပဲလေ

ဟွာချင်းကူ ရှောင်ကျိလူပ်တောင်မလူပ်နိုင်တာကို
သတိထားမိပြီး မျက်ရည်တွေဝဲတတ်လာသည်

"ဘယ်လိုလုပ်ပြီးများ ဒီလောက်ရက်စက်နိုင်ရတာလဲ"

ရှောင်ကျိ ဟွာချင်းကူကို တည့်တည့်ကြည့်လိုက်ပြီး

"ဆိုတော့ မင်းကမိဖုရားခေါင်ကြီးပေါ့နော်
ဧကရာဇ်ပြီးရင် မင်းကအာဏာအပြင်းဆုံးပေါ့
မင်းရဲ့အဖေက အမတ်ချုပ်ကြီးဆို
အရမ်းအာဏာရှိမှာပဲနော် ငါ့ကိုတစ်ခုလောက်ကူညီပါလား"

ရှောင်ကျိရဲ့အသံက ကြားရတယ်ဆိုရုံလေး
တိုးတိမ်လွန်းပြီး ဝမ်းနည်းမူတွေယှက်သန်းနေသည်

"ယံသာအလိုရှိရင် ပြောနေစရာတောင်ဘူး
လွန်းကအားလုံးလုပ်ပေးမှာ"

ရှောင်ကျိ မျက်ရည်တွေကို ထိန်းထားရင်း

"ငါ့ကို....
ကယ်ပါ လွန်း..
ကျေးဇူးပြုပြီး
ဧကရာဇ်လက်ထဲက ကယ်တင်ပေးပါ
ငါသေတော့မယ်"

အက်ကွဲကွဲစကားအဆုံး မျက်ရည်တွေတာကျိုးသလိုကျိုးကျလာသည်
မတားနိုင်ခဲ့ဘူး ခန္ဓာကိုယ်ကနာကျင်မူတွေက
အရိုးထဲထိစိမ့်ဝင်နေတာမို့ မခံစားနိုင်တော့ဘူး

ဟွာချင်းကူ အမြန်ပင် ရှောင်ကျိရဲ့မျက်ရည်တွေကိုသုတ်ပေးရင်း

"ဟင့်အင်း ယံမငိုပါနဲ့
အဲဒီလူယုတ်မာလက်ထဲက လွန်းကယ်ပေးမှာပါ
ယံမငိုပါနဲ့နော်"

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Место, где живут истории. Откройте их для себя