"အဆောင်တော်သစ်စီ သွားတော့မှာမလား
အထိန်းတော်လော့စောင့်နေလောက်ပြီ သွားတော့လေ"နမ်းရင်းလွတ်ပေးကာပြောနေသည့် ပိုင်းလော့ကျင်းကြောင် ရှောင်ကျိဘာမှတောင်ပြန်မပြောနိုင် တစ်ခုခုလုပ်တော့မည်ဟုသူထင်နေခဲ့သည်လေ
သူ့မျက်စိရှေ့က ပိုင်းလော့ကျင်းမှဟုတ်ပါလေစ
ရှောင်ကျိ အတွေးတွေကိုဖြတ်ပြစ်လိုက်ပြီး နှစ်ခါမရသည့်အခွင့်ရေးကို လက်လွှတ်မခံဘဲ ပြေးခဲ့တော့သည်ရှောင်ကျိ အဆောင်တော်အပြင်ဘက်ရောက်တော့ အားလော့က အသင့်စောင့်နေသည်
ခုဆို အထိန်းတော်လော့ဟုခေါ်ရတော့မည်"လာပြီလား ကိုယ်လုပ်တော်ချန်
ကျမတို့ အဆောင်တော်စီသွားကျရအောင်"ရှောင်ကျိခေါင်းငြိမ့်လိုက်ပြီး အားလော့ခေါ်ဆောင်သည့်နောက်သို့ လိုက်ခဲ့သည်
အဆောင်တော်စီရောက်တော့ ရှောင်ကျိအဆောင်တော်ကိုတစ်ချက်ကြည့်လိုက်သည်
သာမာန်အဆောင်တော်လိုမျိုးပင်အင်းပေါ့လေ ကိုယ်လုပ်တော် တစ်ယောက်တဲ့အဆောင်တော်က ဘယ်လောက်များခမ်းနားမှာတဲ့လဲ
ရှောင်ကျိအတွေးတွေကိုရပ်လိုက်ပြီး အဆောင်တော်ထဲဝင်လိုက်တော့ အပြင်ဆင်ကမခမ်းနားပေမယ့် သပ်သပ်ရပ်ရပ်လေးမို့
အမြင်တော်သေးသည်"ကိုယ်လုပ်တော်ချန် အပြင်ဆင်ရော သဘောကျရဲ့လား"
အားလော့ စကားကြောင့် ရှောင်ကျိအတွေးတွေလွင့်ပျယ်လွင့်သွားရသည်
"အင်း...ကောင်းပါတယ်"
ရှောင်ကျိ ပြုံးရင်းပြန်ဖြေလိုက်တော့ အားလော့
"ဒါဆို အနားယူလိုက်ပါဦး"
အားလော့ကပြောပြီး ရှောင်ကျိကိုတစ်ချက်ပြုံးပြကာ
အပြင်ထွက်သွားလေသည်ရှောင်ကျိ ကုတင်ပေါ်လှဲလိုက်ပြီး မျက်ဝန်းတွေကိုမှိတ်ချလိုက်တော့သည်
.
.
.
.
.
.
.
.............................................................မွေးနေ့တော်နေ့
တတိုင်းပြည်လုံး ကျွတ်ကျွတ်ညံအောင် ဆူညံနေသည်
ဧကရာဇ်က ပြည်သူတွေတွက်လက်ဆောင်တွေ ပေးသနားသောကြောင့် ပျော်ရွင်စွာဆုတောင်းနေသံများကျွတ်ကျွတ်ညံနေသည်
ဒါက ဧကရာဇ်ရဲ့မွေးနေ့တော်နေ့တိုင်းတွင် ဖြစ်လေ့ရှိသောဖြစ်စဉ်တစ်ခုပင်
ပြည့်သူအားလုံးက အပျော်ဘက်ကိုပဲစိတ်ရောက်နေသည်ထင် တိုင်းပြည်မငြိမ်သက်တာကိုပင် စိတ်ထဲမရှိကျတော့
ထိုနေ့တွင် ဆူပူမူတွေလည်းမရှိတော့ပေ
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉