"ဝါး....."
အပျင်းကြောဆန့်တာနဲ့ သမ်းတာကိုတစ်ပြိုင်တည်းပြုမူရင်းရှောင်ကျိနိုးလာခဲ့သည်
နံရံကိုမှီရင်းလက်ပိုက်လျက်ကြည့်နေသောယီကြောင့်
ရှောင်ကျိရဲ့မနက်ခင်းလေးက အကျည်းတန်သွားသည်
ရှောင်ကျိ ယီရှိရာဘက်သို့ကျောပေးလိုက်ပြီး မျက်လုံးတွေပြန်မှိတ်လိုက်ပေမယ့် အသံဆိုးကြီးတစ်ခုကထွက်ပေါ်လာတော့သည်"နိုးနေရင်လဲထတော့ ရေသွားချိုး ပြီးရင်မနက်စာစား "
ရှောင်ကျိ နားနှစ်ဖက်ကိုလက်တွေနှင့်အုပ်ပြစ်လိုက်ပြီး
"မထဘူးမထဘူး ရေလဲမချိုးဘူး ထမင်းလည်းမစားဘူး
ခင်းဗျားအခွက်ကြီးကိုလည်းမမြင်ချင်ဘူး
ရုပ်ဆိုးကြီး"ရှောင်ကျိ၏ ရုပ်ဆိုးကြီးဆိုသောစကားက ယီကိုအင်မတန်ဒေါကန်စေသည် ယီဒေါသတွေကိုအတတ်နိုင်ဆုံးထိန်းရင်း
"ကလေးလိုလို ခွေးလိုလိုလာမလုပ်နဲ့
ငါ့ကိုအရှင်မှတ်နေလား မင်းမထဘူးဆိုရင် ငါကြာပွတ်နဲ့နိုးပေးရမလား"ယီစကားကြောင့် ရှောင်ကျိထလိုက်ရသည်
ဘုဂလန့်သာတိုက်နေပေမယ့် ကြောက်တော့လည်းကြောက်ရသေးသည်
ရှောင်ကျိ ယီကိုမျက်စောင်းထိုးလိုက်ရင်း"ခင်ဗျားတို့အရှင်ကရော"
ယီ အပေါ်မျက်နှာကျက်ကိုမော့ကြည့်လိုက်ရင်း
"နန်းတော်ထဲက မြေကြွက်တွေကိုဖမ်းဖို့လုပ်နေတယ်"
ရှောင်ကျိမျက်လုံးပြူးသွားပြီး
"မြေကြွက်လား အဲဒါကအရမ်းစားကောင်းတာ"
ရှောင်ကျိစကားကြောင့် ယီအန်တော့အလိုပင်ဖြစ်သွားရသည်
"ရေသွားချိုးစမ်းပါ "
ယီအော်လိုက်တော့ ဆောင့်ဆောင့်အောင့်အောင့်နှင့်ရေချိုးဆောင်ထဲဝင်သွားလေသည် ယီသက်ပျင်းတွေသာအကြိမ်ကြိမ်ချရင်း
"အပြင်ကလူတွေ ကိုယ်လုပ်တော်ချန်တွက် ထမင်းပွဲပင်လိုက်တော့"
.
.
.
.
.
.
................................................................"ဘာ မတွေ့ခဲ့ရဘူး ဟုတ်လား"
ဟွာချင်းကူ ယံလက်ထဲရောက်အောင်ပေးခိုင်းလိုက်သည့်စာက
သူ့စီပြန်ရောက်လာသောကြောင့် ဒေါသထွကိလာသည်
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉