part 61

41.1K 3.1K 109
                                    


ပိုင်းလော့ကျင်း အပြင်ရောက်တုန်း ကလေးအတွက်လက်ဆောင်တစ်ခုခုဝယ်ဖို့ ရတနာပစ္စည်းဆိုင်ထဲဝင်လာခဲ့သည်
လျို့ဝှက်အဖွဲ့ဝင်တွေနဲ့ တစ်ခါတစ်လေတွေ့ဆုံပြီး
နိုင်ငံရေးအခြေနေဆွေးနွေးတတ်သည်လေ

ပိုင်းလော့ကျင်း ရှေ့မှာရှိနေတဲ့ပစ္စည်းတွေကို ပိုင်းလော့ကျင်းနည်းနည်းမှစိတ်တိုင်းမကျပေ

"ယင်း...ငါကိုကူရွေးပေးစမ်းပါ ဘယ်ဟာကောင်းမလဲ"

ယင်းဟိတညစ်သွားသည် သူ့ဟာလေးဘာကြိုက်မှန်းမသိပဲ ဘယ်လိုရွေးပေးရမှာပါလိမ့် ယီဆိုရင်ရွေးတတ်မှာပဲကို
ယင်း ယီကို ပုခုံးနဲ့တိုက်လိုက်ပြီး

"မင်းရွေးပေးလိုက်"

ယင်းအကူညီတောင်းသော်လည်း ယီကကူရွေးမပေးသည့်အပြင် ခပ်စိမ်းစိမ်းအကြည့်သာရလိုက်လေသည်

ပိုင်းလော့ကျင်း နောက်ကအခြေနေကိုမမြင်ရလည်းသိသည်
ယီကခုထိမကြည်သေးတာကြောင့် သူတောင်မပြောရဲတာကို ယင်းတို့အလိုက်မသိချက်ကတော့

"ဆိုင်ရှင် ဒါတွေပဲရှိတာလား ငါဒီထက်ကောင်းတာလိုချင်တယ် အရည်သွေးကောင်းကောင်းလေး"

ပိုင်းလော့ကျင်း စကားကြောင့် ဆိုရှင်ကစဉ်းစားဟန်ဖြင့်

"တစ်ခုတော့ရှိတယ် မရောင်းရက်လို့သိမ်းထားတာလိုချင်ရင် ပြပေးမယ်"

ပြောပြီး ဆိုင်ရှင်ကဆိုင်နောက်ဘက်ထဲဝင်သွားတာမို့
သုံးယောက်သားစောင့်နေလိုက်ရင်း ခဏနေတော့
ဆိုင်ရှင်က သစ်သားသတ္တာငယ်လေးတစ်ခုကာ
ထွက်လာသည် စိတ်မပြတ်သားဟန်ဖြင့်
ရောင်းရနိုး မရောင်းရနိုး ဝေခွဲရခက်နေပုံကြောင့်

"ကြိုက်ရင် တန်ကြေးထက်ပိုပေးမှာမို့ ပစ္စည်းသာပြပါ"

ပိုင်းလော့ကျင်း ထပ်ပြောလိုက်မှ ရေားင်ဖို့ဆုံးဖြတ်လိုက်ပုံပင်

ပိုင်းလော့ကျင်း ရှေ့ချလာပေးသော သတ္တာလေးကိုဖွင့်ကြည့်လိုက်သည်

ငွေရောင်လဲ့နေတဲ့ လက်စွပ်နှစ်ကွင်းပင်
အသေးစိတ်ပုံဖော်ထားတဲ့ လက်ရာက အဖိုးထိုက်မှန်းသိသာစေသည်
နွယ်ပင်ရစ်ပတ်နေသလို အရစ်နှစ်ရစ်နှင့် ဝန်လိုက်တဲ့လက်ချောင်းကိုတောင် ခန့်ညားသွားစေမည့် အနုစိတ်လွန်းလှသည့် ကနုတ်လက်ရာတွေက လှပလွန်းသည်
နွယ်ပင်ရဲ့မှာ သစ်ရွက်နဲ့ပန်းတွေရှိနေသလိုမျိုးကိုမှ
ခန့်ညားစွာပုံဖော်ထားပြီး အနုစိတ်လွန်းလှသည်
လက်စွပ်နှစ်ကွင်းမှာ ဆင်တူပင်ဖြစ်ပြီး
ကွာခြားမူနည်းနည်းလေးတောင်မရှိပေ

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now