"ကလေး ဒီလာတော့"
ယိဖေယန်နဲ့ ရှောင်ကျိ နှစ်ယောက်ထဲကမ္ဘာလုပ်ကာ
ဥယျာဉ်တော်ထဲကအသစ်သီးတွေအကုန်ရန်လိုက်ရှာနေတုန်းပင်ပိုင်းလော့ကျင်းခေါ်လိုက်မှ အသီးတွေတပွေ့တပိုက်နှင့်နှစ်ယောက်သားအနားရောက်လာလေသည်
"ကလေး ညစ်ပတ်နေတာပဲကွာ"
နှစ်ယောက်သား.ဘာလုပ်ထားကျသည်မသိ ပေတူးနေကာ ဆံပင်တွေကလည်း ငှက်သိုက်ကိုဖြစ်လို့
ပိုင်းလော့ကျင်း ရှောင်ကျိခေါင်းပေါ်က သစ်ရွက်တွေဖယ်ပေးနေရင်း"ယိဖေယန် ရွဲ့ဂိုဏ်းချုပ်က လူတော့ဟုတ်ပါတယ်နော်"
ပိုင်းလော့ကျင်း စကားကြောင့် ကလေးနှစ်ယောက်မျက်လုံးလေးတွေ ကလယ်ကလယ်နှင့်
"မင်းရဲ့ရှစ်စွမ်းက သိုင်းပညာဘယ်လောက်ထိရှိတယ်လို့သိထားလဲ"
ပိုင်းလော့ကျင်း ၏ထိုစကားကြားများ ယိဖေယန်က ဟက်ခနဲရယ်ကာ
"အတိအကျတော့မပြောတတ်ပေမယ့်
အရှင်နဲ့ကိုယ်ရံတော်နှစ်ယောက်ပေါင်းလိုက်ရင်တောင်
ရှစ်စွမ်းမနိုင်ဘူးဆိုတာတော့ သိတယ်"ပိုင်းလော့ကျင်း မျက်ခုံးတွေမြင့်တတ်သွားရင်း
ရှောင်ကျိကတော့ ဘာမှနားမလည်သလိုဟန်နှင့်"ဘာတွေဖြစ်နေကျတာလဲ
ဖေယန် အဲလိုမပြောရဘူးလေ""အကိုကြီးကလည်း သူကလာမေးတာပဲကို
ပြီးတော့ ကျနော်ကအမှန်ပြောတာ
ရှစ်စွမ်းရဲ့ အတွင်းအားထိန်းချုပ်နည်း သိုင်းနဲ့တင်
သုံးယောက်လုံးကိုအနိုင်ယူလိုက်လို့ရတယ်
ကျနော်အမှန်ပြောတာ မယုံရင် ရှစ်စွမ်းကိုသွားမေးကြည့်ပေါ့"ယိဖေယန် ကရှစ်စွမ်းကိုထိရင်မကြိုက်သူပီပီမို့
ပိုပြောတာဟု ရှောင်ကျိကတွေးလိုက်ပေမယ့်
ပိုင်းလော့ကျင်းကတော့ စိတ်ဝင်စားသွားကာ"အဲတာက ဘယ်လိုသိုင်းမျိုးမလို့လဲ"
"အဲတာက နာမည်အတိုင်းပဲ
အတွင်းအားတွေကိုထိန်းချုပ်တဲ့သိုင်းပညာလေ
အတွင်းအားရှိတဲ့လူတွေ အကုန်ထိန်းချုပ်လို့ရတယ်
ဒါပေမယ့် ရှစ်စွမ်းက အကုန်လုံးမအောင်မြင်သေးဘူး
ကျန်တာတော့ မသိဘူး ရှစ်စွမ်းကိုသွားမေးတော့
ပြန်ပြီ အရှင်"
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉