ယီ စိတ်ညစ်ညစ်နဲ့ထွက်လာပြီး အဆောင်တွေနဲ့ဝေးရာ လူရှင်းတဲ့နေရာမှာ တစ်ယောက်ထဲထိုင်နေမိရင်း
ရွဲ့ဂိုဏ်းချုက်မျက်နာက မျက်လုံးထဲပေါ်လာသည်"အား.......ရှက်လိုက်တာကွာ"
မျက်နာကပူသည်ထက်ပိုသည် သူဖက်ကခြေထောက်ဆွဲပြီး တောင်းဆိုခဲ့တာကိုပြန်မြင်ယောင်လေ ရွဲ့ဂိုဏ်းချုပ်နဲ့ရင်ဆိုင်ဖို့အားမရှိလေပင်
ယီ တစ်ယောက်ထဲ ကမ္ဘာပျက်နေတုန်း
"ကိုယ်ရံတော် ယီ
စကားပြောရအောင်"ပုံမှန်ကျလွန်းလှသောအသံကြောင့် ယီအတွေးတွေကြက်ပျောက်ငှက်ပျောက်
အပူရှိန်ကငယ်ထိတ်ထိထိုးတတ်ရင်း
မော့လည်းမကြည့်ရဲ"ကိုယ်ရံတော် ယီ မင်းအဆင်ပြေရဲ့လား"
ယီ ပြန်မဖြေ မျက်နာကို ပို၍တောင်ငုံထားလိုက်သေးသည်
"ငါတို့စကားပြော"
ယီအသားကိုထိလုဆဲဆဲ ဖူယွင့်စန်းကျောင် လက်တွေလွင့်ထွက်သွားသည်
ပုတ်ထုတ်သူက ယီပါတည့်"ပါးစပ်ကပဲပြော"
ယီ ထရပ်လိုက်ပေသူနဲ့မျက်နာချင်းမဆိုင်ပဲ မျက်နာလွဲထားမိသည်
မျက်နာကလည်းပူလွန်းလို့ တရှဲရှဲမည်သံတွေတောင်ကြားနေသည်ထင်မိသည်အထိ"ကလေးဆန်လွန်းတယ်"
ဖူယွင့်စန်းကျောင် ၏ ကလေးဆန်လွန်းတယ် ဟူသောစကားအဆုံး၌ ယီခဏတာရပ်တန့်မိသွားသယောင်
ဖခင်ဖြသ်သူဆုံးပါးပြီးနောက်ထဲက သူအရာရာရင့်ကျက်ခဲ့သည် ထိုအချိန်ထဲက သူ့အားကလေးဆန်တယ်လို့ပြောမဲ့လူ တစ်ယောက်တောင်မရှိတော့"မင်း ဧကရာဇ်ကိုပြဿနာမရှာသင့်ဘူး
အထိန်းတော်တွေကိုရောပဲ သူတို့ကမင်းကိုလုပ်ကြံတာမှမဟုတ်တာ
မင်းကအတင်းယူသောက်ခဲ့တာဆို
ဘယ်လိုပြောပြော လုပ်ကြံပြီးဖြစ်ပျက်တာမဟုတ်ပဲ
မတော်တဆ ဖြစ်သွားရုံပါ မင်းအဲလောက်တော့မလုပ်သင့်ဘူး"ဘယ်လိုပဲ မျက်နာချင်းမဆိုင်နိုင်ဘူးပြောပြော
ထိုစကားတွေက ယီကိုထိခိုက်စေသည်
ယီ ရွဲ့ဂိုဏ်းချုပ်မျက်နာကိုတည့်တည့်ကြည့်ရင်း
ESTÁS LEYENDO
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasíaကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉