နေခြည်နုနုတွေ ခြုံလွမ်းနေတဲ့မနက်ခင်းလေး
ခုတလော ပိုင်းကျင်းမရှိတဲ့ရက်တွေက ရှောင်ကျိအတွက် နိဗ္ဗာန်လိုပဲ
အတွေးတွေနှင့်အတူ ရှောင်ကျိနိုးထလာခဲ့သည်ခါးပေါ်ကလက်တွေနှင့်အတူ တကိုယ်သိမ်းကျုံးအဖက်ခံထားရသောကြောင့်
ရှောင်ကျိရင်ထဲ ဒိတ်ခနဲရှောင်ကျိ ခေါင်းကိုအနည်းငယ်စောင်းကာ နောက်ကို
ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်
သူမှသူအစစ် မျက်လွှာတွေပိတ်ကားချထားပေမယ့်
ချေမောခန့်ညားမူတွေက နည်းနည်းလေးမှမှေးမိန်မသွားဘူး
ရှောင်ကျိ ကိုယ့်ပါးစပ်ကို လက်နဲ့အုပ်မိသွားသည်
အားလော့စကားအရဆိုလျှင် နောက်ရက်အနည်းမှပြန်ရောက်မည်ကို
ဘယ်လိုကြောင့် သူ့ဘေးရောက်နေရလဲမသိ
စိုးထိတ်မူနဲ့အတူ ထိတ်လန့်မူ့တို့က အလုံးရင်းနှင့်ဝင်ရောက်လာကာ ကွေးကွေးလေးဖြစ်နေသောခန္ဓာကိုယ်လေးက ပို၍ပင်ကွေးသွားလေသည်ရှောင်ကျိ လူပ်ဖို့မပြောနှင့်အသက်တောင်ပြင်းပြင်းမရူရဲဘူး
နတ်ဆိုးကောင်ကြီးနိုးသွားမှာစိုးလွန်းလို့
ပိုင်းလော့ကျင်းရဲ့ ဝင်သက်ထွက်သက်နွေးနွေးတို့က
ရှောင်ကျိရဲ့နားရွက်ထိပ်ဖျားလေးကို မထိတထိရိုက်ခက်နေသည် ထိုအချင်းရာကရှောင်ကျိကိုပို၍သွေးပျက်စေသည်"အင်း.....နိုးပြီလား"
စကားသံနှင့်အတူ ခါးထက်ကလက်တွေပိုမိုတင်းကျပ်သွားပြီး
ခန္ဓာကိုယ်နှစ်ခုက ပိုမိုထိကပ်သွားသည်ရှောင်ကျိ အသက်တောင်မရူရဲတော့ဘူး
မျက်လုံးအစုံကို အတင်းပိတ်ယူထားကာ တစက်မှမလူပ်ပေ"အာ့..."
နားရွက်ဖျားလေးစီ ပူခနဲဖြစ်သွားကာ နာကျင်မူတို့ဝင်ရောက်လာတာကြောင့် ရှောင်ကျိအော်မိသွားသည်
ပိုင်းလော့ကျင်း နားရွက်နုနုလေးကိုလွတ်ပေးလိုက်ပြီး
ရှောင်ကျိ မျက်နှာလေးကို မေးမှကိုင်ကာ ဆွဲလှည့်လိုက်တော့ မျက်ဝန်းတောက်တောက်လေးတွေက မျက်ရည်တွေရစ်သိုင်းလို့
ပိုင်းလော့ကျင်း နုတ်ခမ်းနှစ်စုံကိုပူးကပ်စေလိုက်ပြီး
မွတ်သိပ်သောကြမ်းရှသော အနမ်းတို့ဖန်တီးနေသည်
တစောင်းဖြစ်နေတဲ့ရှောင်ကျိ ကိုယ်လေးကို ဆွဲလှန်လိုက်ကာ ခန္ဓာကိုယ်အောက်ရောက်စေလိုက်သည်
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉