အတိတ်ဆိုသည့်အတိုင်း မေ့ပျောက်ခဲ့တာ
အတော်ပင်ကြာညောင်းခဲ့လေပြီ
ကောင်သောအရာမဟုတ်သည့်အတွက် လွယ်လွယ်နှင့်မေ့ပျောက်သည်လည်း ဖြစ်နိုင်သည်သေချာသည်ကတော့ ဝေယံထိုအခါတုန်းက
ခက်အား အားနာစိတ်ပင်မဖြစ်ခဲ့မိ
အပြစ်ရှိတယ်ဟု ခံစားဖို့ဆိုလျှင်ဝေးစွယခုအချိန်တွင်မူ ဤကဲ့သို့ သေဆုံးပြီးသား လူတစ်ယောက်ကို အကောင်လိုက်တွေ့လိုက်ရသည်မို့
လန့်သွားသည်လား လိပ်ပြာမလုံခြင်းပေလား မပြောတတ် ခက် ရဲ့ရှေ့မှာ ခုလိုရပ်နေတာ မျက်နှာပူမိလာပြီး ရှက်လည်းရှက်လာသည်
တပြိုင်နက်ခေါင်းထဲဝင်လာသည့်အတွေးက
သူတို့ကြောင့်သာမဟုတ်ခဲ့ပါလျှင်....
ဟူသောအတွေးနှင့် အားနာလာကာ နောင်တပင်ရချင်လာရသည်ရှောင်ကျိသူ့အား နင့်နင့်နဲနဲစိုက်ကြည့်နေတဲ့
ခက် ကြောင့် အသက်ရူပင်ကျပ်လာရပြီး
ဖျားချင်လာသည်
ဤကဲ့သို့ ကံဆိုးလှသည့် ကိုယ့်အဖြစ်ကိုလည်း ရင်နာလို့မဆုံး
သူအခု လက်စားချေခံရမယ်လို့တော့ မပြောလိုက်ပါနဲ့ရှောင်ဖန်းမျက်နှာက နာကျင်နေသည့်တိုင်
လှောင်ပြုံးရိပ်တို့ဖြတ်သန်းနေလျက်"ဆိုတော့.မင်းကကိုယ်လုပ်တော်ပေါ့နော်"
ခနဲ့တဲ့တဲ့အသံနှင့်အတူ ရှောင်ကျိတစ်ကိုယ်လုံးအား
စိုက်ကြည့်ကာ ပြောလိုက်ခြင်းပင်"ဘယ်လိုလဲ ယောက်ကျားတစ်ယောက်ရဲ့ အသုံးတော်ခံရတာ ကောင်းတယ်မလား"
ရှောင်ဖန်းရဲ့ လှေင်သလိုလိုအပြောတွေက
ရှောင်ကျိကို ဓားနဲ့မွန်းနေသလိုပဲ
ရှောင်ကျိ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
ဘာမှတော့ပြန်မပြောမိ
နှစ်ဦးကြား တိတ်ဆိတ်မူကခဏတာဖုံးလွမ်းသွားကာ
အကြည့်ချင်းစစ်တိုက်နေကြသည်တံခါးပွင့်သွားသံနှင့်အတူ ဝင်လာသောလူတစ်ယောက်
ပိုင်လော့ကျင်း ပါတည့်ဝင်ဝင်လာချင်းတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်
ပိုင်းလော့ကျင်း သွေးပင်တတ်ချင်သလိုလိုဖြစ်သွားရသည်
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉