part 9

63.8K 3.6K 38
                                    

"ဘယ်လိုများ ဘယ်လိုလုပ်ပြီးများ
သာမာန်ကိုယ်လုပ်တော်မြောက်ပွဲလေးကို
ငါလို မိဖုရားခေါင်ကို တတ်ဖို့ အမိန့်ထုတ်ရတာလဲ
ဒါသက်သက်စော်ကားလိုက်တာပဲ"

"မယ်မယ်"

ဘေးနားမှ အထိန်းတော်၏ စိုးရိမ်စွာ သတိပေးသလိုစကားသံပင်နားထဲမဝင်တော့
မာနနှင့် သက္ခာအား ချနင်းခံလိုက်ရသကဲ့သို့်သော
လုပ်ရပ်ကြီးကြောင့် ဟွာချင်းကူ တစ်ယောက်
ဒေါသတို့ဖြင့်သာဖုံးလွမ်းနေလေသည်

နက်မှောင်ရှည်လျားသည့် မျက်တောင်ကော့ကော့လေးတွေခြံရံထားသည့်
မျက်ဝန်းအိမ် တောက်တောက်တို့မှာ ဒေါသတို့ကြောင့်
စွေးစွေးနီနေလျက် တင်းတင်းစေ့စေ့ထားသည့် နှခမ်းပါးပါးတို့ အတွင်းက အံကြိတ်ထားရလွန်းလို့
လည်ပင်းကြောများပင် ထောင်လာသည့်နှယ်

ဟွာချင်းကူမှာ အမတ်ချုပ်ကြီး ဟွာတုဖန်း၏ သမီးအငယ်ဆုံးဖြစ်ရာ တိုင်းပြည်၏ မိဖုရားခေါင်ဆိုသော
ရာထူးနှင့် အာဏာအားလည်းပိုင်ဆိုင်ထားသည်
အဖေအာဏာ ကြောင့် မိဖုရားခေါင်ရာထူးရခဲ့သည်ဆိုဦးတော့
ယခုကိစ္စမှာ အလွန်ပင်မခံမရပ်နိုင်ဖွယ်ပင်

"ဘယ်လိုလုပ်ပြီးများ ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ
ဘယ်လိုလုပ်ပြီးများ.... "

ဟွာချင်းကူ မှာ လူတကာငေးမောရလောက်တ်ဲထိ မလှပပေမယ့်လည်း ရုပ်ဆိုးတဲ့မပါ ချစ်စရာကောင်းသည်ဟုပင်ဆိုလို့ရပေမည်
မိဖုရားခေါင် ဖြစ်သော်လည်း ဧကရာဇ် စန်းပိုင်းလော့ကျင်း မှာ သူမအား ရှိသည်ဟုပင် ထင်ရကောင်းမှန်းမသိ
အဆောင်တော်သိုလာရောက်ဖို့မပြောလေနှင့် သူမအဆောင်ရှိသည်ဆိုတာပင် မေ့လျော့နေသည်အလား
ယနေ့အချိန်ထိ သူမအားလက်ဖျားနှင့်ပင်မထိဖူး
ထို့ကြောင့်လည်း အောက်ခြေ အစေခံများကအစ
ထေ့လှောင်ခြင်းခံနေရသည်
ထိုကိစ္စများကို သူမသည်းခံနိုင်သေးသည်
အဘယ့်ကြောင့်ဆို သူမကလဲ စန်းပိုင်းလော့ကျင်းကို စိတ်မဝင်စား မိဖုရားခေါင် ရာထူးလည်းခေါင်းထဲမရှိပေ
အဖေ အမတ်ချုပ်ကြီးက တောင်းဆိုသောကြောင့်
မိဖုရားခေါင် နေရာအား ယူထားရခြင်းပင်
ဧကရာဇ်မှာ အလွန်တရာချောမောခန့်ညားပါသော်လည်း
သူမနှလုံးသားမှာ တစ်ဦးတစ်ယောက်အတွက် ပေးခဲ့ဖြစ်၍
ဧကရာဇ်မိမိအား ဥပေက္ခာ ပြုသည်ဆိုက သူမစိတ်မဝင်စား
ပို၍ပင်ကောင်းသည်ထင်နေသေးသည်

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now