"ဖေယန် ဒီကိုလာ ရှစ်စွမ်းကြည့်ဦးမယ်"ဖူယွင့်စန်းကျောင် စကားကြောင့် ယိဖေယန် ရှောင်ကျိကိုဖတ်ထားတဲ့လက်တွေ မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်လိုက်ရတော့သည်
ဖူယွင့်စန်းကျောင် ရှောင်ကျိနားလျောက်သွားလိုက်ရင်း
"ရှောင်ကျိ နေလို့ထိုင်လို့အဆင်ပြေရဲ့လား
မကောင်းတဲ့နေရာရှိလား""နာတယ်"
ရှောင်ကျိ စီကထွက်လာတဲ့အသံက သဲ့သဲ့လေး
"ဘယ်ကနာတာလဲ မျက်လုံးကလား"
ရှောင်းကျိခေါင်းညိမ့်လိုက်ရင်း
"မျက်လုံးကရော တစ်ကိုယ်လုံးနာတယ်"
ရှောင်ကျိစကားကြောင့် ပိုင်းလော့ကျင်းစိုးရိမ်သွားပြီး
"ရွဲ့ဂိုဏ်းချုပ် အဆိပ်ပြေလို့ သတိရလာတာမလား
နာတယ်ဆိုတာက ဘယ်လိုဖြစ်တာလဲ"ဖူယွင့်စန်းကျောင် အတော်ကြာစဉ်းစားလိုက်ပြီး
"ကျနော်မျိုး အထင်တော့
ဖြေဆေးကျွေးရမယ့် ရက်မပြည့်သေးတာကြောင့်ဖြစ်နိုင်ပါတယ် အရှင်
အဆိပ်ကပြေသွားပေမယ့် အရမ်းပြင်းလွန့်လို့ ဒဏ်ကျန်နေခဲ့တာလည်း ဖြစ်နိင်ပါတယ်"ပိုင်းလော့ကျင်း ဖူယွင့်စန်းကျောင် စကားကို
နားလည်ပြီဆိုသည့် သဘောနှင့်ခေါင်းညိမ့်ပြလိုက်ပြီး
အကြည့်တွေက ရှောင်ကျိစီအရောက်"ကလေး..."
ပိုင်းလော့ကျင်း လန့်သွားသည်
မျက်ဝန်းလဲ့လဲ့လေးတွေက မျက်ရည်တွေခိုသီနေပြီး
သူ့ကိုအလိုမကျစွာကြည့်နေသည်လေ"ဘုတ်.."
ရုတ်တရက်မို့ အားလုံးလန့်သွားကျသည်
ရှောင်ကျိက ပိုင်းလော့ကျင်းကို အနားမှာရှိတဲ့ခေါင်းဦးနဲ့ လှမ်းပေါက်လိုက်သည်လေခေါင်းအုန်းက ပိုင်းလော့ကျင်းစီမရောက်ခင်မှာပဲ.ပြုတ်ကျသွားပြီး
ပိုင်းလော့ကျင်းကိုမထိလိုက်ပေမယ့်
ရှောင်ကျိစီက ထွက်လာသောစကားသံကတော့
ပိုင်းလော့ကျင်းနှလုံးသားကို ဆုပ်ကိုင်လိုက်သည့်နှယ်
DU LIEST GERADE
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉