အချပ်ပို

43.2K 2.7K 238
                                    


"အကိုကြီး...
အကိုကြီးကို အရမ်းချစ်တယ်"

ပါးစပ်ကသာ အာလေးလျှာလေးလျောက်အော်နေသည်
မျက်လုံးကမပွင့်တော့ ခုထိမထပဲမှောက်ရပ်အတိုင်းရှိနေပုံထောက်တော့
ဘယ်လောက်တောင် သောက်လာလဲမသိပေ

ယင်းတစ်ယောက် ညီတော်မောင်ကိုပြေးထူရင်း

"ယီရာ ဘယ်တုန်းကဒီလောက်သောက်ဖူးခဲ့လို့လဲ
မင်းမနက်ကျ ခေါင်းကိုက်တော့မယ်"

"ကျနော်လေ အရမ်း...ပျော်လို့
ပြီးတော့ အကိုကြီးကိုလည်း အရမ်းချစ်..ပြွစ်စ်.."

ပါးတစ်ဖက်လုံး နစ်ဝင်အောင် အတင်းတွေရောလိုက်နမ်းနေတဲ့ ယီကြောင့်
ယင်းရဲ့ကြွနေတဲ့စိတ်လေးတောင် ဘယ်ထွက်ပြေးလို့
ပြေးမှန်းမသိတော့

"ပေါက်စ ဒီမကောင်းတဲ့ကောင်ကို
မင့်ရှစ်စွမ်းလက်ထဲထည့်ပြီးတာနဲ့ ချက်ခြင်းပြန်လာခဲ့မယ် ဟုတ်ပြီလား"

ယိဖေယန်ပြုံးရင်းပဲ ခေါင်းအသာငြိမ့်ပြလိုက်သည်
စိတ်ထဲမှာတော့ ယီအားအပိုင်းပိုင်းဖြတ်ကာ
ခွေးကျွေးပြစ်ပြီးနေပြီ

"အကိုကြီးကိုချစ်တယ် အကိုကြီးနဲ့မခွဲနိုင်ဘူး ပြွစ်စ်...
ချစ်တယ် အရမ်း....ချစ်တယ် ပြွစ်စ်....ပြွစ်စ်..."

မနည်းထိန်းတွဲလာရပါတယ်ဆိုမှ သကောင့်သားက
သူ့လင်မှတ်နေလားမသိ နမ်းလိုက်တဲ့အနမ်း
အာလေးလျှာလေးအသံကြီးက လာရာလမ်းတစ်လျောက်က ရွဲ့ဂိုဏ်းသားတွေ ခေါင်းပြူကြည့်ရသည်အထိ

"ချစ်တယ်လို့..မွမွ .အကိုကြီး...
အရမ်းချစ်ပါတယ်လို့ဆို..."

ယင်း ဖြစ်နိုင်ရင် ရောက်တဲ့နေရာမှာပဲချထားခဲ့ချင်ပေမယ့်
ညီဆိုတဲ့ပက်သက်မူလေးကြောင့် ပိုင်ရှင်ရွဲ့ဂိုဏ်းချုပ်ထံတော့ လိုက်ပို့ရလေဦးမည်

တွေ့ပါပြီ သူ့လူသူကျမထိန်းပဲ ရွဲ့ဂိုဏ်းသားတွေနဲ့
ပြုံးရယ်ကာ သေရည်သောက်နေတဲ့ ရွဲ့ဂိုဏ်းချုပ်ကို

သူကျ အေးအေးအေးနဲ့ ဒီမှာကျ အရှိန်ပျက်လို့

"ချစ်တယ်.....ချစ်တယ်....အကိုကြီးကိုအရမ်းချစ်တယ် အကိုကြီးနဲ့အိပ်မယ် အကိုကြီးကိုချစ်တယ်
ချစ်တယ်.."

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now