ရက်ပေါင်း 93 ရက် ကုန်လွန်ခဲ့ပြီးနောက်....နေ့တစ်နေ့၏ မနက်ခင်း
ရှောင်ကျိ မျက်လုံးတွေပွင့်လာပြီး မြင်နေရသည်က
ရင်းနှီးခဲ့ဖူးသော နေရာ
ဒီအငွေ့အသက် ဒီအပြင်အဆင် ပြီးတော့ဒီနေရာ
နှစ်နေရာမရှိနိင်တဲ့ ခမ်းနားလှပေမယ့်
သူအကြောက်ဆုံးနေရာဧကရာဇ်အဆောင်တော်
ရှောင်ကျိ အလန့်တကြားထထိုင်ရင်း ခေါင်းထဲမှာအတွေးတွေ တန်းစီပြီးဝင်လာသည်
ငါဒီကိုဘယ်လိုပြန်ရောက်နေတာလဲ
ဘာတွေဖြစ်သွားတာလဲရှောင်ကျိ မျက်လုံးစီက အောင့်သက်ခြင်းနဲ့အတူ
ခန္ဓာကိုယ်ကနာကျင်လာသည်ဘာလို့ အဆောင်ထဲမှာ တစ်ယောက်မှမရှိတာလဲ
.
.
.
.
.
"တိုင်းပြည်ရဲ့မိဖုရားခေါင်ကြီးနေရာကို ဘယ်ချိန်ထိလှပ်ထားဦးမှာပါလဲ အရှင်
ရေမရှိတဲ့ငါး အမိမရှိတဲ့သား ဆိုသလို မိဖုရားခေါင်ကြီးမရှိတဲ့တိုင်းပြည်က မတင့်တယ်နိုင်ပါဘူး အမြန် မိဖုရားကြီး တင်မြောက်တော်မူပါအရှင်""""မိဖုရားကြီး တင်မြောက်တော်မူပါအရှင်"""
အကြံပေးအမတ်၏ လျောက်တင်သံအဆုံး၌ ကျန်အမတ်များပါ တပြိုင်ထဲအော်ကျတော့သည်
"ပြီတော့ နန်းသွေးမရှိတဲ့အတွက် ကြင်ယာတော်တွေ
ထပ်ပြီး တင်မြောက်သင့်ကြောင်းပါ""""စဉ်းစားပေးတော်မူပါ အရှင်"""
ပိုင်းလော့ကျင်း မူးနောက်နေတဲ့ခေါင်းကို လက်ဖြင့်ဖိရင်း
"ငါကိုယ်တော် စဉ်းစားလိုက်မှာမို့ ဒီနေ့တော့ ဒီလောက်နဲ့တော်ရအောင်"
ပြောပြီး ပိုင်းလော့ကျင်း ညီလာခံမှထွက်လာခဲ့တော့သည်
မကြာခဏဆိုသလို အမတ်ကြီးတွေ တောင်းဆိုနေပေမယ့် မိဖုရားခေါင်ကြီးနေရာကတော့ လွတ်လပ်နေစဲပဲ
အမတ်တချို့က ဒုမိဖုရားကို မိဖုရားကြီးမြောက်လိမ့်မယ်ထင်ထားခဲ့ပေမယ့်
အရှင်က မမြောက်ခဲ့သလို ဘယ်သူ့ကိုမှလည်း
မပေးခဲ့ဘူး
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉