"ဖွားလေး "
"အမယ်လေး.."
နောက်မှ လှန့်သည့်သဘောဆောင်သည့် အသံကြောင့်
အားလော့ လန့်သွားသည်
အသံလာရာသို့ လှည့်ကြည့်ပြီးနောက် အားလော့၏မျက်နှာမှာ အပြုံးများဖြစ်ထွန်းလာပြီး"ရှောင်ဖန်း မင်းသားလေး"
(စန်းရှောင်ဖန်း/ဧကရာဇ်၏တူတော် /ရှင်းယန်မင်းသမီး၏သားတော်)
အားလော့ ဝမ်းပန်းတသာခေါ်ပြီး
ရှောင်ဖန်းရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး"မင်းသားလေး နေကောင်းတယ်နော်
နောက်ဆုံးတွေ့ခဲ့တာတောင် အတော်ကြာနေပြီ
ဘာလို့ နန်းတော်ထဲမကြာမကြာ လာမလည်တာလဲ"အားလော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ဝဲမိနေတယ်
ကျန်းကျန်းမာမာနဲ့တွေ့ရလို့လည်း စိတ်အေးရပြန်တယ်ရှောင်ဖန်းက အားလော့ လက်တွေထဲက ရုန်းထွက်လိုက်ပြီး
တဖန်အားလော့ရဲ့လက်တွေကို ပြန်လည်ဆုပ်ကိုင်လိုက်ကာ"အိုင်ယား....ဘယ်လိုလုပ်ပြီးများ နန်းတော်ထဲမကြာမကြာလာရဲပါ့မလဲ ဒီကဖွားလေးရဲ့
နုပျိုမူတွေနဲ့မှ မယှဉ်နိုင်တာ"(AN/ဖွားလေး ဆိုတာ စနောက်ပြီးခေါ်တာပါနော်🙃)
အားလော့ မျက်ရည်ကျလုလုမှာပဲ ရှောင်ဖန်း နောက်ကျောပေါ်က ဓားကြောင့်ထွက်လုစဲစဲမျက်ရည်တွေတောင်ပြန်ဝင်သွားရသည်
သည်ကလေးက ဘယ်နေရာမဆို ပြသနာလုပ်ပြီးမှ ပြန်လာတတ်သည့် ကလေးမဟုတ်ပါလား"အဲဒါက "
ဓားရိုးနှင့် ဓားအိမ်မှာ တန်ဖိုးကြီးသည်ဟုယူဆရမည့် ကျောက်မျက်ရတနာများနှင့် စီခြယ်ထားခြင်းကြောင့် ဓားကသာမာန်ဓားမဟုတ်မှန်း ကြည့်သည်နှင့်သိနိုင်သည်
အားလော့စိတ်ထဲ၌လည်း
....ဒီတစ်ခါလည်း လုလာပြန်ပြီလား....ဟုတ်သည်လေ အရင်အရင်အရင်တုန်းတွေက အကြိမ်ပေါင်းများစွာ ကြုံဖူးပြီပြီ
အိမ်တော်တစ်ခုက လုပ်တဲ့ ကံကောင်းခြင်း ဒေါင်း ရောင်းချပွဲ၌ ဒေါင်းဝယ်ရန် ပိုက်ဆံမပါခဲ့သဖြင့် ဒေါင်းအားလုကာ နန်းတော်သို့ ပြန်ပြေးလာခဲ့လေသည်
ထိုတုန်းလည်း ဧကရာဇ်ကရှင်းပေးခဲ့ရသည်

YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉