Announcement

14.6K 409 9
                                    

Unicode

May 21, 2020
ဇာတ်လမ်းကို ရေးခဲ့တဲ့အချိန်တုန်းက အတော်လေး အားစိုက်ခဲ့ပေမဲ့ အခုတစ်ကြိမ် ပြန်ဖတ်တဲ့အခါ စိတ်တိုင်းမကျဘူး ဖြစ်နေခဲ့တယ်။ ပြီးတော့ အဲ့ဒီလိုအချိန်မှာ ဒီဇာတ်လမ်းက ရှုပ်တယ်၊ နားမလည်ဘူးဆိုတာတွေ ကြားခဲ့ရတယ်ပေါ့လေ။ ပြောရရင် စိတ်ဓာတ် ကျခဲ့မိတယ်ပေါ့။ unpublish လုပ်လိုက်သည့်တိုင် မေးတဲ့လူမရှိလေခြင်းဆိုပြီး ကြံဖန် စိတ်မကောင်း ဖြစ်လိုက်ပါသေးတယ်။

အဲ့ဒီအကြောင်းပြချက်နဲ့ပဲ ဇာတ်လမ်းတစ်ပုဒ်လုံးကို ဖျက်ပစ်ဖို့အထိ စဉ်းစားခဲ့တယ်ဆိုပါတော့။ ဒါပေမဲ့ ကိုယ်မလုပ်နိုင်ခဲ့ဘူး။ ရေးခဲ့စဉ်က ဖတ်ပေးခဲ့ကြတဲ့စာဖတ်သူတွေနဲ့ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို ဘယ်လိုမှ လွှတ်မချနိုင်ခဲ့ဘူးပဲဆိုရမှာပဲ။

မာန်ကလေး စိတ်သစ်လူသစ်အဖြစ်ပြန်လာခဲ့ပါပြီ။

ဇာတ်လမ်းကျောရိုး၊ ဒိုင်ရာလော့ ဘာဆို ဘာတစ်ခုမှမပြောင်းပါဘူး။ အရေးအသားကိုသာ ပြင်ပြီး ဇာတ်ကွက်ကို ရှေ့ပို့သင့်တာပို့ နောက်ပို့သင့်တာပို့ပြီး ပြန်တင်သွားမှာပါ။ အရင်ထက် ပိုကောင်းလာမယ်ဆိုတာတော့ အာမခံနိုင်တယ်။

အရင်တုန်းက မှားခဲ့တဲ့အမှားလေးတစ်ခုတလေကိုတောင် စိတ်တိုင်းမကျနိုင်ဘဲ တဆိတ်ရှိ ဒီကလေးတွေကိုပဲ အပြစ်ပုံချနေတတ်တဲ့ အကျင့်ကိုလည်း ပြင်နေပါပြီလို့။

အကောင်းဆုံးတွေကိုပဲ ချပြချင်တဲ့ စေတနာလောဘကိုတော့ နားလည်ပေးပါ။

ကဲပါ.... နေ့တိုင်း တစ်ပိုင်းဆီ တင်သွားမှာမလို့ Reborn Version လေးကို ခံစားပေးကြပါဦး။

ချစ်တဲ့..... မာန်❤️



June 04, 2020

စိတ်ကျေနပ်တဲ့ထိ ပြင်လို့ ပြီးခဲ့ပါပြီ။ ၂၀၁၉ မေလမှာ စတင်ခဲ့ပြီး အောက်တိုဘာမှာ ပြီးဆုံးခဲ့တဲ့ ဝတ္ထုလေးကခုတော့ ပြည့်စုံသွားခဲ့ပါပြီ။

စ တင်တင်ချင်းကရော အခုရော ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်မဆုံးပါ။

ထပ်တွေ့ချင်ပါသေးတယ်။
ချစ်တဲ့....မာန်

*******************


Zawgyi

ဇာတ္လမ္းကို ေရးခဲ့တဲ့အခ်ိန္တုန္းက အေတာ္ေလး အားစိုက္ခဲ့ေပမဲ့ အခုတစ္ႀကိမ္ ျပန္ဖတ္တဲ့အခါ စိတ္တိုင္းမက်ဘူး ျဖစ္ေနခဲ့တယ္။ ၿပီးေတာ့ အဲ့ဒီလိုအခ်ိန္မွာ ဒီဇာတ္လမ္းက ရွုပ္တယ္၊ နားမလည္ဘူးဆိုတာေတြ ၾကားခဲ့ရတယ္ေပါ့ေလ။ ေျပာရရင္ စိတ္ဓာတ္ က်ခဲ့မိတယ္ေပါ့။ unpublish လုပ္လိုက္သည့္တိုင္ ေမးတဲ့လူမရွိေလျခင္းဆိုၿပီး ႀကံဖန္ စိတ္မေကာင္း ျဖစ္လိုက္ပါေသးတယ္။

အဲ့ဒီအေၾကာင္းျပခ်က္နဲ႔ပဲ ဇာတ္လမ္းတစ္ပုဒ္လုံးကို ဖ်က္ပစ္ဖို႔အထိ စဥ္းစားခဲ့တယ္ဆိုပါေတာ့။ ဒါေပမဲ့ ကိုယ္မလုပ္နိုင္ခဲ့ဘူး။ ေရးခဲ့စဥ္က ဖတ္ေပးခဲ့ၾကတဲ့စာဖတ္သူေတြနဲ႔ ရွိခဲ့ဖူးတဲ့ အမွတ္တရေတြကို ဘယ္လိုမွ လႊတ္မခ်နိုင္ခဲ့ဘူးပဲဆိုရမွာပဲ။

မာန္ကေလး စိတ္သစ္လူသစ္အျဖစ္ျပန္လာခဲ့ပါၿပီ။

ဇာတ္လမ္းေက်ာရိုး၊ ဒိုင္ရာေလာ့ ဘာဆို ဘာတစ္ခုမွမေျပာင္းပါဘူး။ အေရးအသားကိုသာ ျပင္ၿပီး ဇာတ္ကြက္ကို ေရွ႕ပို႔သင့္တာပို႔ ေနာက္ပို႔သင့္တာပို႔ၿပီး ျပန္တင္သြားမွာပါ။ အရင္ထက္ ပိုေကာင္းလာမယ္ဆိုတာေတာ့ အာမခံနိုင္တယ္။

အရင္တုန္းက မွားခဲ့တဲ့အမွားေလးတစ္ခုတေလကိုေတာင္ စိတ္တိုင္းမက်နိုင္ဘဲ တဆိတ္ရွိ ဒီကေလးေတြကိုပဲ အျပစ္ပုံခ်ေနတတ္တဲ့ အက်င့္ကိုလည္း ျပင္ေနပါၿပီလို႔။

အေကာင္းဆုံးေတြကိုပဲ ခ်ျပခ်င္တဲ့ ေစတနာေလာဘကိုေတာ့ နားလည္ေပးပါ။

ကဲပါ.... ေန႔တိုင္း တစ္ပိုင္းဆီ တင္သြားမွာမလို႔ Reborn Version ေလးကို ခံစားေပးၾကပါဦး။

ခ်စ္တဲ့..... မာန္❤️



June 04, 2020

စိတ္ေက်နပ္တဲ့ထိ ျပင္လို႔ ၿပီးခဲ့ပါၿပီ။ ၂၀၁၉ ေမလမွာ စတင္ခဲ့ၿပီး ေအာက္တိုဘာမွာ ၿပီးဆုံးခဲ့တဲ့ ဝတၳဳေလးကခုေတာ့ ျပည့္စုံသြားခဲ့ပါၿပီ။

စ တင္တင္ခ်င္းကေရာ အခုေရာ ဖတ္ေပးၾကတဲ့ တစ္ေယာက္ခ်င္းဆီတိုင္းကို ေက်းဇူးတင္မဆုံးပါ။

ထပ္ေတြ႕ခ်င္ပါေသးတယ္။
ခ်စ္တဲ့....မာန္

𝕭𝖊𝖞𝖔𝖓𝖉 𝕳𝖆𝖙𝖗𝖊𝖉Where stories live. Discover now