P1

50.4K 2.3K 97
                                    

"တိမ်ယံဦး"

"ဗျာ"

ကိုယ့်နာမည်ကို ကျယ်လောင်စွာအော်ခေါ်လိုက်သော တစ်ဦးတည်းေသာ အစ်မဖြစ်သူ တိမ်လွှာဦး၏အသံကြောင့် အလန့်တခြားထူးလိုက်မိသည်။

"ဟဲ့ ငါ့စားပွဲပေါ်မှာ တင်ထားတဲ့ Memorystick ကို နင်ယူထားသေးလား"

"ဟင်...သားက မမရဲ့ stick ကို ဘာလုပ်ဖို့ယူရမှာလဲ..မယူပါဘူး"

"အေး...အခု မတွေ့တော့လို့ ရှာနေတာလည်း နှံ့နေပြီ ၊ မတွေ့ဘူး ၊ နင်များယူထားသေးလားလို့မေးကြည့်တာ ၊ မယူရင်လည်း ပြီးရော"

"ဟုတ်"

ပြောပြီးသည်နှင့် ချက်ချင်းချာခနဲလှည့်ထွက်သွားသော အစ်မဖြစ်သူက သူ့မျက်နှာကို တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ခဲ့။

တစ်ခုခုပျောက်ပြီဆိုရင် နင်ယူထားသေးလားဆိုပြီး လာလာမေးတတ်တဲ့အကျင့်က ဟုိးငယ်ငယ်လေးကတည်းက။ မယူမှန်းသိလျက် ခဏခဏ လာလာမေးနေတာ မမောတဲ့အတိုင်းပင်၊ နောက်ဆုံးကျ သူ့ဟာသူ နေရာအထားမှားပြီး ပြန်တွေ့တာက ခပ်များများရယ်။

တိမ်ယံတစ်ယောက် မိမိထက် လေးနှစ်ခန့်ကြီးသော အစ်မဖြစ်သူ၏ နောက်ကျောကို ကြည့်ပြီး သက်ပြင်းလေးချလိုက်ကာ ဖတ်လက်စ Comic စာအုပ်လေးကို အာရုံပြန်လွှဲလိုက်လေတော့သည်။

နောက်တစ်ပတ်ဆုိ Uni က စတတ်ရတော့မည်။ အခုလို ကိုယ်ကြိုက်တဲ့ စာအုပ်တွေကို အချိန်ပေးပြီး ဖတ်နိုင်တော့မည်မဟုတ်။ အဲ့ဒီတော့ အချိန်ရတုန်းလေး ပြီးသလောက် ကြိုးစားဖတ်ရဦးမည်။
ရသမျှ မုန့်ဖိုးလေးတွေကို စုပြီး ဒီ Marvel Series Comic Book လေးတွေကို ခက်ခက်ခဲခဲဝယ်ထားရတာ။ ဘဝမှာ ကိုယ်တန်ဖိုးအထားရဆုံးဆိုလို့ ဒီစာအုပ်တွေပဲရှိတာပါ။

အစ်မဖြစ်သူကတော့ရှင်းသည်။ Movies ကြည့်လိုက်လည်း ရတဲ့ဟာကို မျက်လုံးအညောင်းခံပြီးဖတ်နေသေးတယ်တဲ့၊ သူပြောတာလည်းဟုတ်ပါတယ် ဒါပေမဲ့ Movies ကြည့်ရတဲ့ခံစားချက်နဲ့ Comic ဖတ်ရတဲ့ အရသာက မတူဘူးလေ..။
အဲ့ဒီ ခံစားချက်ကို မမက မသိေသးလို့ပါ။

"ဟဲ့ ယံယံ"

"ခင်ဗျာ"

"လာမဲ့ မန်းဒေး နင်ကျောင်းစတတ်ရမှာ မှတ်လား ၊ အကုန်အဆင်သင့်ပဲလား"

MSFOMH💛 {Completed}Where stories live. Discover now