P80

9.9K 1K 12
                                    

"မကလျာ၊ စောစောက ငယ်ဖုန်းဆက်တယ်၊
တိုးကြီးက ချိန်းထားတဲ့ နေရာကို ရောက်မလာသေးလို့တဲ့"

"ဟုတ်တယ် ကိုသော်တာ၊ ကလျာ ငယ့်ဆီ ဖုန်းဆက်ပြီးသွားပြီ ၊ တုိးကြီးကုိ တခြားအလုပ်ကိစ္စတစ်ခု ခိုင်းလိုက်မိတာ ငယ့်ကိုပြောဖို့ ကလျာမေ့သွားလို့"

"ဒါဆို ငယ်ကို ထူးမြတ်နဲ့ နှစ်ယောက်တည်း လွှတ်လိုက်တာပေါ့"

အသော့်အသံက သိပ်ဘဝင်မကျဖြစ်နေသည့်အသံ။

"ဟုတ်တယ် ကိုသော်တာ တမင် နှစ်ယောက်တည်းလွှတ်လိုက်တာ၊ ကုိသော်တာ တစ်ခုခုကုိ စိတ်မချဖြစ်နေတယ် ဆိုတာ ကလျာ သိပါတယ်၊ ဒါပေမဲ့ စိတ်မပူနဲ့ ၊ တိုးကြီးကုိ နောက်ယောင်ခံလိုက်ဖို့ လွှတ်ထားတယ်"

"ဗျာ..ဘယ်လို"

ကလျာ့၏စကားတွေကို အသော်က နားမလည်သည့် ပုံစံဖြစ်သွားလေသည်။ အတူတူသွားဖို့ ချိန်းဆိုထားပါလျက် အငြုိြငင်ခံ ကတိဖျက်ပြီး နောက်ကွယ်မှ မသိမသာ လိုက်ချောင်းသည်တဲ့လား။ မည်သို့သဘောပါလိမ့်။

"အဟင်း..နားရှုပ်သွားတာလား၊ အင်းလေ
ကုိသော်တာလည်း လက်ရှိဖြစ်ပျက်နေသမျှ အကြောင်းစုံကို သိချင်နေမှာပေါ့၊ ကလျာပြောပြပါ့မယ်"

ကလျာ့က အကြောင်းစုံရှင်းပြမည်ဟု ဆိုတော့ အသော့်မျက်ဝန်းတွေက အနည်းငယ် လှုပ်ရှားသွားလေသည်။

"ကလျာနဲ့ တိုးကြီးတို့ ဒီကြားထဲ မကြာခဏဆိုသလို ကိစ္စတစ်ခုကို တိုင်ပင်ဖြစ်တယ်။ အဲ့ဒါကိုလည်း ကိုသော်တာ သတိထားမိမယ် ထင်တယ်၊
သတိထားမိရုံတင် မကဘူး အထင်ပါလွဲနေတယ်ဆိုတာ ကလျာသိတယ် ကိုသော်တာ"

မျက်နှာကို စေ့စေ့ကြည့်ကာ တည့်တိုးပြောချလိုက်သော ကလျာ့စကားကြောင့် အသော်တစ်ယောက် ရှိုးတိုးရှန်းတန်း ဖြစ်သွားလေသည်။

"ဟို..အဲ့ဒီလို မဟုတ်"

"ကလျာ နားလည်ပါတယ်၊ ကုိေသာ်တာ ငယ့်ကို စိတ်ပူလို့ဆိုတာကို သိတယ်၊ ကလျာတို့လည်း ငယ့်ကို စိုးရိမ်နေကြတာပဲ၊ အဲ့အတွက်ကြောင့် ကိုသော်တာကို ဘာမှ မဖြေရှင်းဖြစ်တော့တာ"

ကလျာက အားလုံးကို သိနေသူ တစ်ယောက်လိုမျိုး ပြောနေလေတော့ အသော်က ရှေ့ဆက်ပြီး ဘာမှ မပြောတော့ချေ။ ကလျာဘက်က ဆက်ပြောမည့်စကားကုိသာ နားစွင့်၍နေလေတော့သည်။

MSFOMH💛 {Completed}Where stories live. Discover now