P40

11.9K 1.2K 84
                                    

"ဘာ!!!"

မျှော်လင့်မထားသော အခြေအနေတစ်ခုကြောင့်
အာမေဋိတ် အသံက လိုအပ်တာထက် ပိုကျယ်သွားလေသည်။

"ဘယ်သူ့ သဘောနဲ့ အဲ့ဒီလို လုပ်လိုက်တာလဲ ဒေါ်ကလျာ"

မထင်မှတ်ထားသော တုန့်ပြန်သံကြောင့် ကလျာတစ်ယောက် နောက်တစ်ကြိမ် လန့်ဖြန့်သွားပြန်သည်။

"ဟိုလေ ငယ်၊ မမလည်း ငယ့်ကို ဖုန်းဆက်ပြီးအသိပေးမလို့ပါပဲ ၊ ဒါပေမဲ့ ငယ်က ဝယ်လက်နဲ့ စကားပြောနေတုန်းမို့လုိ့ ၊ နောက်ပြီး ဦးကျော်စံကလည်း အကူအညီတောင်းတာမို့လို့ပါ"

လာပြန်ပြီ ဒီ ဦးကျော်စံ။ သူ မအားဘူးဆိုလို့
သူ့ဧည့်သည်ကို သွားကြိုပေးရတယ်ဆိုတာက ထားတော့။
အခု အဲ့ဒီဧည့်သည်ကိုပါ အိမ်မှာ ခဏထားပါရစေဆိုတော့ မလွန်လွန်းဘူးလား။

"မရဘူး ကျုပ် ခွင့်မပြုနိုင်ဘူး၊ အိမ်ကို လူစိမ်းအဝင်လုံးဝမခံနိုင်ဘူး"

"တစ်ပတ်ထဲပါ ငယ်ရယ် ၊ မမ ခေါင်းညိတ်ပြီးသား ကိစ္စဖြစ်နေလို့ပါ"

ကလျာက ငယ့်ကို မျက်နှာငယ်လေးဖြင့်တောင်းပန်လိုက်လေသည်။ ငယ်ကတော့ ထုံးစံအတိုင်း မျက်နှာက အေးတိအေးစက်ဖြင့်။ လေသံကတော့ခါတိုင်းနေ့တွေထက် မာနေသည်မှာအမှန်။
ခွင့်ပြုချက်မတောင်းဘဲ အပြင်သို့သွားပြီး ခွင့်ပြုချက်မရဘဲ ကိုယ်တိုင်လုပ်ချင်ရာ လုပ်လာသော ကလျာ့ကို စိတ်ပျက်သည့်ပုံစံမျိုးဖြင့် ကြည့်လုိက်လေသည်။

"ဒီမှာ ေဒါ်ကလျာ ၊ ကျုပ်ကို အသိမပေးပဲ လုပ်လာတဲ့ ကိစ္စတွေကို ထားတော့၊ ကျုပ်တို့ လုပ်နေတဲ့ အလုပ်၊ နေ့စဥ် နေထိုင်မှုပုံစံတွေိကို ဘယ်ကမှန်း
မသိတဲ့ တစိမ်းတစ်ယောက်ကို တမင်တကာခေါ်ပြီး ချပြနေသလို မဖြစ်ဘူးလား၊ အခုလောက် နောက်ကြောင်းအေးဖို့ ကျုပ်ဘယ်လောက်တောင်
ရင်းထားရသလဲဆိုတာ သိလျက်နဲ့၊ အပြင်လူခေါ်ပြီး အိမ်မှာ နေခိုင်းချင်နေေသးတယ်"

ငယ့်၏ စကားမာမာကြောင့် ကလျာက ခေါင်းကို ငုံ့ထားပြီး ဘာတစ်ခွန်းမှ ထပ်မပြောတော့ချေ။ နှုတ်ခမ်းလေးတွေကို အသာဖိကိုက်ထားကာ
ဝမ်းနည်းနေသည့် ပုံစံမျိုးလည်းပေါ်သည်။ ထို့နောက် ငယ့်ကို နှုတ်ဆက်ကာ ထိုနေရာမှ လှည့်ထွက်သွားလေတော့သည်။ သို့သော် ကလျာ၏ခြေလှမ်းများက လှေကားထစ်ပေါ်သို့ နှစ်ထစ်မျှ လှမ်းတက်ပြီးသည့်အချိန်တွင်

MSFOMH💛 {Completed}Where stories live. Discover now