P84

13.3K 1.1K 98
                                    

အချစ်တစ်ခုကို ပုံဖော်တဲ့အခါ မြင်သာနေဖို့ မလိုဘူး။ သိသာနေဖို့လည်း မလိုဘူး။ လိုအပ်တဲ့အချိန်မှာ သက်သေပြနိုင်ဖို့ပဲ လိုတာပါ - အသေွးနီ

............................................................................

"ဆရာ ဆရာ အရှေ့မှာ ရဲတွေ ရောက်ေနလို့"

အူယားဖားလျားနှင့်ပြေးဝင်လာသော တပည့်တစ်ယောက်၏စကားကြောင့် ငယ့်မျက်နှာက ကွက်ခနဲ ပျက်သွားကာ ဆုပ်ကိုင်ထားသော အသော့်၏
လက်ကုိ တင်းကြပ်စွာ ပုိမိုဆုပ်ကိုင်လိုက်လေသည်။ အသော့်ကလည်း ငယ့်ကို စိုးထိတ်နေေသာ မျက်ဝန်းတွေဖြင့် လှည့်ကြည့်လိုက်သလို ကလျာ့၏ မျက်ရည်ဝဲနေသော မျက်ဝန်းလေးတွေက
ငယ့်ထံတွင်။

"တောက်!!"

ရဲနောင်က တောက်တချက်ကို ပြင်းပြင်းခေါက်ကာ အရှေ့သို့ ပြေးထွက်သွားမည် အပြု
ငယ့်က လှမ်းဟန့်လိုက်လေသည်။

"ရဲနောင် ငါ့ အမိန့်မရပဲ ဘာမှ မလုပ်နဲ့၊ မင်းမိန်းမနဲ့ ကလေးကုိ ခေါ်ပြီး အနောက်ဘက် ကုိ သွားနေ၊
ဒေါ်ကလျာက ဒေါ်ပျာကို ခေါ်ပြီး အပေါ်ထပ်က
ဆရာမ အခန်းထဲ ခဏသွားနေလိုက်၊ အစ်ကိုပါလိုက်သွား"

ငယ်က ရဲနောင်ကို ပြောနေရာမှ တဆက်တည်းဆိုသလို ဒေါ်ကလျာနှင့် ဒေါ်ပျာကို စိုးရိမ်စွာ သတိပေးလိုက်လေသည်။ ထို့နောက် အသော့်၏လက်ကို ဖြုတ်ချလိုက်ပြီး ဆက်လက်
အမိန့်ပေးလိုက်လေသည်။

"တိုးကြီးနဲ့ထူးမြတ်က ကျန်တဲ့ လူ လေးငါးယောက်လောက်ကုိ ခေါ်ပြီး အိမ်ပြန်လိုက်၊ ပြီးရင် သိမ်းစရာရှိတာ သိမ်းထားကြ"

အားလုံးဟာ ကိုယ့်လက်အောက်မှာ ရှိနေကြသော လူများမို့ ကုိယ်တုိင်ကစ သွေးမပျက်ပဲ... နောက်ဆုံးအချိန်အထိ စီမံခန့်ခွဲနေေသာ ငယ်ရယ်ေလ။

"အချိန်မရှိဘူး၊ မြန်မြန်သွားကြ"

ငယ်က အလွန်အမင်း စုိးရိမ်နေသည့်အသံဖြင့်
စိတ်မရှည် သလို အော်ပြောလိုက်သော်လည်း အားလုံးက တုပ်တုပ်ပင်မလှုပ်။
ငယ့်ဘေးမှာ နောက်ဆုံးအချိန်အထိ အတူရှိနေပြီး
ကာကွယ်ပေးကြမည်ဟူသော မျက်နှာမျိုးတွေဖြင့်။

MSFOMH💛 {Completed}Where stories live. Discover now