P35

12.4K 1.2K 60
                                    

ဝေါခနဲသွန်ချလိုက်သော ကျောက်ခဲပုံကြီးဆီသို့ ဟေးခနဲ အော်ကာ အလုအယက် ပြေးသွားကြသော လူတစ်စု။ ထိုအထဲတွင် အသားဖြုုဖြူပိန်သွယ်သွယ်နှင့် အသက်၁၉နှစ် အရွယ်ခန့် ကောင်လေးတစ်ယောက်လည်းပါသည်။ ဆယ်နှစ်အရွယ် ကလေးလေးတစ်ယောက်ကို လက်ဆွဲလျက် သံချောင်းလေးကိုယ်စီကိုင်ကာ ထိုကျောက်ခဲပုံကြီးဆီသို့.....။

သန်မာထွားကျိုင်းလှသော ယောကျာ်းရင့်မာကြီးတွေ၏ကြားထဲတွင် အတွန်းခံ အတိုက်ခံကာ
ခဲတေွစူးညှောင့်တွေကိုလည်း မရှောင်အားဘဲ အရောင်တဖျပ်ဖျပ်လက်နေသော မျက်ဝန်းလေးတွေနဲ့အတူ မျှော်လင့်တကြီး ပြေးလွှားလျက်။

"ဦးငယ် ဦးငယ်ရေ ဒီဘက်ကိုလာ
ဒီဘက်မှာ အများကြီးပဲ"

မိမိတွဲထားသော လက်ကိုဖြုတ်ကာ ခပ်လှမ်းလှမ်းတစ်နေရာတွင် ကျောက်သွားရှာနေသော သားထူးလေး၏ တကြော်ကြော်အော်ခေါ်သံကို ကြားလိုက်ရသည်မို့ လှမ်းကြည့်လိုက်မိသည်။ ထို့နောက် လက်ယှက် လှမ်းခေါ်နေသော ကလေးကို လက်ပြလိုက်ကာ

"သားထူး ဒီဘက်ကို ပြန်လာခဲ့ ဦးငယ်
အနားမှာပဲနေ" ဟု အကြောင်းပြန်လုိက်လေသည်။

အနားတွင်သာ ရှိနေစေလိုသော စိတ်ကြောင့် ပြန်လည် အော်ခေါ်လိုက်ပေမဲ့ တကယ်တမ်းကျ
သိပ်အားမပါလှ။ လက်ရှိရောက်နေသော နေရာကိုသာ အာရုံက ရောက်နေပြီး တခြားဘာကိုမှ စိတ်မဝင်စားတော့ချေ။ မြင်မြင်သမျှ ကျောက်တွေကုိ ကောက်ကာ သံချောင်းဖြင့် ခေါက်ကြည့် ၊ သွားဖြင့်ကိုက်ကြည့်လုပ်နေရာမှာ အချိန်မည်မျှကြာသွားသည်မသိ။

"ဟာ မြေစာပုံ ပြိုပြီဟေ့ !"

ကျယ်လောင်စွာ အထိတ်တလန် ့ အော်ဟစ်လိုက်သော အသံတွေကြောင့် အာရုံပြောင်းသွားကာ အသံကြားရာဘက်သို့ တချက်လှမ်းကြည့်လိုက်မိသည်။ လူများ စုရုံး စုရုံးပြေးလွှားနေသည်ကို တွေ့သည့်တိုင် စိတ်ထဲဘာမှ မခံစားရသေး။ ထို့ကြောင့် လက်ထဲတွင်ရောက်နေေသာ ကျောက်ကိုသာ သဲကြီးမဲကြီး ထုခြစ်နေမိပြန်တော့သည်။

"ဟေ့ကောင် ဘာလုပ်နေတာလဲ ဟိုမှာ သားထူးလေး ပါသွားပြီကွ"

"ဗျာ"

MSFOMH💛 {Completed}Where stories live. Discover now