The End 👋

29.3K 1.5K 103
                                    

၂နှစ်ခန့်ကြာသော အခါ
💛💛💛💛💛💛💛💛

"ဟာ..ဒီကောင် ဘာအချိုးချိုးတာလဲ၊ ငါ့ဆီကို ချက်ချင်းခေါ်လာခဲ့စမ်း"

မခံချိမခံသာ ေလသံဖြင့် ပေါက်ကွဲစွာ ပြောလိုက်သော အသံက အခန်းတစ်ခုလုံးကုိ ဖုံးလွှမ်းသွားလေသည်။ ထို့နောက် လက်ထဲတွင် ကိုင်ထားသော
ဖုန်းကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ဆုံလည် ကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။ လည်ပင်းမှ နက်ခ်တိုင်ကုိ အောက်သို့ အနည်းငယ် ဖြေလျော့ချလိုက်ကာ လေပူတစ်ချက်ကို စိတ်လွတ်ကိုယ်လွတ် မှုတ်ထုတ်လုိက်မိပြန်သည်။

ဟူး......။

"ဦးသော် ကျွန်တော် အခု ဘာဆက်လုပ်ရမလဲ"

နံဘေးတွင် လက်နောက်ပစ်ကာ ရပ်နေသော အသက် ၂၅ အရွယ်ခန့် လူရွယ်တစ်ယောက်က တုန်တုန်ရင်ရင်ဖြင့် မေးခွန်းထုတ်လိုက်တော့
ဦးသော်ဆိုသည့်လူက မျက်မှောင်နှစ်ဖက်ကို ကျုံ့လိုက်ကာ

"နေဇော်"

"ဟုတ်ကဲ့ ဦးသော်"

"အခု ငါတို့ ရုံးခန်းက ဘယ်နှစ်လွှာမှာ ရှိတာလဲ"

"ဟို...ဟုိ..သုံးလွှာမှာပါ"

ဦးသော်၏အမေးကို တွန့်ဆုတ် တွန့်ဆုတ် ဖြေလိုက်သော နေဇော်၏အသံက တဖြေးဖြေး ထွက်မလာတော့သလို မျက်နှာကလည်း ငိုမဲ့မဲ့ ဖြစ်၍နေလေပြီ။

"သေချာလား၊ သုံးလွှာဆိုတာ"

"ဟုတ် ..သေချာပါတယ်"

"အဲ့ဒါဆို အခု မင်းဆက်လုပ်ရမှာက ဝရံတာဘက်ကို ထွက်သွားလိုက်၊ ပြီးရင် အောက်ကို ခုန်ချလိုက်"

"ဗျာ"

ဦးသော်၏စကားကြောင့် နေဇော့်ခမျာ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့။ မျက်စိမျက်နှာတွေ ပျက်ယွင်းကာ ခပ်လှမ်းလှမ်းရှိ ဧည့်သည်ထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးတစ်ယောက်ဆီသို့ အကူအညီတောင်းခံသော မျက်လုံးလေးများဖြင့်
လှမ်းကြည့်လိုက်လေသည်။

ထိုအမျိုးသမီးက နေဇော်၏အကြည့်ကို သဘောကျသလိုပုံစံမျိုးဖြင့် ခပ်လွန့်လွန့်ပြုံးလိုက်ကာ လက်ထဲမှ စာရင်းစာအုပ်ကို စားပွဲပေါ်သို့ ဖြန်းခနဲပစ်ချလိုက်ပြီး ခြေထောက်ချိတ် ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်လေသည်။ ထို့နောက် နေဇော့်ကို လှမ်းကြည့်လိုက်ကာ

MSFOMH💛 {Completed}Where stories live. Discover now