P29

11.9K 1.2K 101
                                    

"ဗွမ်း !!"

မျက်နှာပေါ် အလုံးအရင်းကျလာသော ရေအေးအေး များကြောင့် လူက ချက်ချင်းဆိုသလို သတိရလာ၏။ ထို့နောက် နားတွေ နှာခေါင်းတွေထဲ မွန်းကျပ်စွာ နေရာဝင်ယူလာသည့် ရေတွေကုိ ခါထုတ်လိုက်ပြီး ကုန်းရုန်းထလိုက်မိတော့သည်။ ပတ်ဝန်းကျင် တစ်ခုလုံးက အစိမ်းသက်သက်ဖြစ်နေသည်ဟု ခံစားမိပေမဲ့ ဒီနေရာကုိ ဘယ်လိုလုပ်ရောက်လာသလဲဆိုတာကုိ သူမသိ။ နောက်ဆုံးမှတ်မိလိုက်တာက Glamo Bar တွင် ထက်မြက်တို့နှင့် စကားများကြသည်။ ထို့နောက် သူအရုိက်ခံလိုက်ရသည်။ သတိရလာတော့ အခန်းတစ်ခန်းထဲမှာ ရောက်နေသည်။ ဆေးတစ်ချို့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခံလိုက်ရပြီးနောက် သူ ဘာဆိုဘာမှ မသိတော့။ အခုနိုးလာတော့ ဂိုဒေါင်တစ်ခုဟု ယူဆရသောနေရာတွင်ဖြစ်သည်။

ရေနှင့်လောင်းသည့်သူကို သေချာစွာမော့ကြည့်လိုက်တော့ သူ မသိသော မျက်နှာစိမ်းတစ်ခု။
ထိုသူ၏မျက်နှာက အပြုံးအရယ်မရှိ ခပ်တည်တည်မျက်နှာပေးဖြင့်....။ သူနိုးလာသည့်အပေါ်တွင် စိတ်ကျေနပ်မှု ရသွားသည့် အမူအရာမျိုးတော့ရှိသည်။

"မင်း နိုးလာလို့တော်သေးတယ် ၊ နို့မို့ဆိုရင် ငါဘယ်အချိန်အထိ ဆက်စောင့်နေရမလဲ မသိဘူး၊
ရော့ ဒီမှာ မင်းဖုန်းနဲ့ပိုက်ဆံအိတ်၊ ငါသွားပြီ"

ထိုလူက တာဝန်တစ်ရပ်ပြီးဆုံးသွားသလိုမျိုးလေးသံဖြင့် ပြောလိုက်ပြီးနောက် သူ့လက်ထဲသို့ ဖုန်းနဲ့ပိုက်ဆံအိတ်ကိုထိုးထည့်ကာ ထွက်သွားရန်ပြင်လေသည်။

"ဟို ခဏ ..ခဏ ...ကျွန်တော် ဒါက ဘယ်ကိုရောက်နေတာလဲ၊ နောက်ပြီး ခင်ဗျားက ဘယ်သူလဲ"

သူထုတ်လိုက်သော မေးခွန်းကို ထိုလူက ပြန်မဖြေချင်သလိုမျိုးမျက်နှာနှင့် နှုတ်ခမ်းကို တွန့်လိုက်ကာ

"ငါ ဘယ်သူလဲဆိုတာ မင်းသိတော့ရော ဘာလုပ်မလို့လဲ၊ ကိုယ်ကိုတုိင်တောင် ဒီနေရာကို ဘယ်လိုရောက်လို့ ရောက်လာမှန်းမသိတဲ့သူက သူများအကြောင်းစိတ်ဝင်စားနေသေးတယ်" ဟု ပြောပြီး
ခြေလှမ်းကျဲများဖြင့် ဂိုဒေါင်အပြင်ဘက်သို့ ထွက်သွားလေတော့သည်။

MSFOMH💛 {Completed}Where stories live. Discover now