P10

13.4K 1.3K 47
                                    

"ဟဲ့ နင်တို့ အသော်နဲ့ အဆက်အသွယ်ရသေးလား"

သီဟတို့ သူငယ်ချင်းတစ်စု အမြဲထိုင်နေကြ ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်ထဲသို့ ဆိုင်းမဆင့်ဗုံမဆင့် အပြေးရောက်ချလာတာ မေးခွန်း ထုတ်လိုက်သူက တိမ်လွှာဦး။

"ဟင်..တိမ်လွှာ ဘယ်လိုဖြစ်လို ဒီအထိရောက်လာတာလဲ"

သီဟအမေးကို တိမ်လွှာက စိတ်မဝင်စားဘဲ ရှိုင်းထက်ကို တချက်လှမ်းကြည့်ကာ

"ဟဲ့ ရှိုင်းထက် အသော်က သောကြာနေ့ညတုန်းက နင့်အိမ်မှာ အိပ်မယ်လို့ ငါကို ပြောထားတာ..အဲ့တာ သူအခုဘယ်မှာလဲ သိရင် ငါကို ပြောပြစမ်းပါ"

ဟု အလောတကြီး မေးနေသော တိမ်လွှာ့လေသံတွေက တစ်ခုခုကို စိုးရိမ်နေသလိုလို။ ငယ်သူငယ်ချင်းဆိုပေမဲ့ စတိတ်ကျောင်း ပြီးကတည်းက တိမ်လွှာနှင် ့ရှုိင်းထက်တုိ့ သိပ်မပေါင်းဖြစ်ကြတော့။ မေဂျာလည်း မတူတော့သလို စကားပြောရင် အမြဲအကျောနှင့်ပြောတတ်သူမို့
ရှိုင်းထက်က သိပ်ကြည့်မရ။ အသော်ကြောင့်သာ အားနာပါးနာ ဆက်ပေါင်းနေရတာ...ကိုယ်စိတ်နဲ့ ကိုယ်ဆိုရင် တိမ်လွှာ့လို မိန်းမမျိုးနှင့် အပေါင်းအသင်းလုပ်မည်မဟုတ်။ ထို့ကြောင့်လည်း တိမ်လွှာနှင့် စကားကိုပင် ခပ်ဟဟ မပြောချင်။

တိမ်လွှာ့အမေးကို ရှိုင်းထက်က မဖြေဘဲ ဖုန်းကိုသာ သဲကြီးမဲကြီးနှိပ်နေလေ၏။ ဒါကို ကြားထဲက
မှန်ကြောင် ဟိန်းသူက အားနာသလိုဖြစ်ကာ ဝင်ဖြေလေ၏။

"ဟို..တိမ်လွှာ သော်ကြီးက ငါတို့နဲ့မတွေ့ဖြစ်တာ တစ်ပတ်လောက်ရှိနေပြီ ဒီနေ့လည်း ဖုန်းဆက်ကြည့်သေးတယ် မကိုင်ဘူး"

"နင့်ကို ငါမေးနေတာ မဟုတ်ဘူး ဟိန်းသူ
ငါ ရှိုင်းထက် ကို မေးနေတာ "

ဟိန်းသူက နေရင်းထိုင်ရင်း တိမ်လွှာ့၏ပိတ်အော်ခြင်းကို ခံလိုက်ရလေသည်။ ထို့ကြောင့် ဘာစကားတစ်ခွန်းမှ ဆက်မပြောတော့ဘဲ ဖတ်လက်စ စာအုပ်ကိုသာ ငုံ့ဖတ်နေလိုက်တော့သည်။

တိမ်လွှာဆိုသည်မှာ သူသိချင် သူြဖစ်ချင်တာကို
လုပ်လို့မရရင် ဘယ်သူ့မျက်နှာကိုမှ အားနာတတ်သူမဟုတ်။ ယခုလည်း ကြည့် ဘာမဆိုင် ညာမဆိုင် ဟိန်းသူကို အော်ပစ်တာ...သူငယ်ချင်းအချင်းချင်း ဆုိတဲ့ မျက်နှာကိုမှ မထောက်။

MSFOMH💛 {Completed}Where stories live. Discover now