P59

10.6K 1.1K 103
                                    

"ဟုတ်ကဲ့ ဒေါက်တာ တိမ်လွှာနဲ့ တွေ့ချင်လို့ပါရှင်"

Help Kia ဟူသော မကြီးမသေး ဆိုင်းဘုတ်လေးထောင်ထားသော အခန်းတစ်ခု၏ အဝင်အဝအပေါက်တွင် ရပ်ကာ ခွင့်တောင်းလိုက်သည်
သူက ကလျာကြည်။

နာမည်နှင့်လိုက်အောင် ကြည်လင်နေသောအသားအရေပိုင်ရှင်မျိုးဖြစ်ပြီး ပြည့်စုံချမ်းသာသော အမျိုးသမီးတစ်ယောက်၏ ဝတ်စားဆင်ယင် နေထိုင်ပုံမျိုးလဲရှိသည်။

"အော် ဟုတ်ကဲ့ ၊ ခဏလေးနော် ၊ ဒေါက်တာက
ကိစ္စလေးရှိလို့ အပြင်ထွက်သွားတယ်၊
သိပ်မကြာပါဘူး ၊ မကြာခင်ပြန်ရောက်တော့မှာပါ၊
ခဏလောက်ဝင်ထိုင်ပါအုံး"

အခန်းအတွင်းမှ ပြန်လည်ဖော်ရွေစွာ နှုတ်ဆက်စကားဆိုလိုက်သူက ဒေါက်တာ စန္ဒီ။
တွေ့ချင်သည့်သူနှင့် ထိပ်တိုက်မတွေ့ရ၍ ကလျာ့စိတ်ထဲ ဘဝင်မကျဖြစ်သွားသော်လည်း လူမူရေးအရ ဟန်လုပ်ကာ ပြန်လည်ပြုံးပြလိုက်ရသည်။
ဖော်ရွှေစွာ ပြောဆိုနေသူက ဂျူတီကုတ်ဝတ်ဆင်ထားသော ဆရာဝန်တစ်ယောက် မဟုတ်လား။

"ဟို..နေပါေစတော့၊ ကျွန်မ အချိန်သိပ်မရလို့ နောက်မှပဲ ထပ်လာခဲ့ပါ့မယ်၊ ခွင့်ပြုအုံးနော်"

နေကာမျက်မှန်ကို ပင့်တင်ကာ ချက်ချင်းနှုတ်ဆက် လှည့်ထွက်သွားသော ကလျာ့ကို စန္ဒီတစ်ယောက် နားမလည်နိုင်သလို မျက်ဝန်းမျိုးဖြင့်လိုက်ကြည့်လိုက်လေသည်။ ပြီးနောက် ဘာမှမဟုတ်သလို ပုံစံမျိုးဖြင့် လုပ်လက်စ အချိန်ဇယားဆွဲခြင်းကို ဆက်လက်အာရုံစုိက်လိုက်တော့သည်။

အလျင်စလို နှုတ်ဆက်ကာ ထွက်လာလိုက်သော
ကလျာ့၏ စိတ်ထဲ၌လည်း အဆင်မပြေနေ... ဘယ်လိုဖြစ်လို့ ဒီနေရာအထိ ရောက်လာရသလဲ ဟုသာ မိမိကိုယ် မိမိ မေးခွန်းပြန်ထုတ်နေမိတော့သည်။

ငယ်သာသိသွားရင် ဟူသော အသိက စိုးမိုးလာပြန်တော့ ရင်ထဲ တဒိတ်ဒိတ်။ ခွင့်ပြုချက်မရပဲ မဆင်မခြင်လုပ်ရင် ငယ်ဘယ်လောက် စိတ်ဆိုးတတ်သည်ဆိုတာကို သိလျက်သားနှင့် ဒီနေရာအထိ ရောက်အောင်လာမိသော ကိုယ့်ခြေထောက်တွေကိုသာ
အပြစ်တင်မိတော့သည်။

"အင့်"

"အမေလး.."

"ဟာ ကန်တော့ ကန်တော့"

MSFOMH💛 {Completed}Wo Geschichten leben. Entdecke jetzt