P8

13.1K 1.3K 48
                                    

"ကျလွိ"

ရှိုင်းထက်အိမ်နားအရောက် ကျွီခနဲဝင်လာသော ဖုန်းနိုတီ အသံကြောင့် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူကာ ကြည့်လိုက်မိသည်။
မသုံးဘဲ ထားထားသော ဖုန်းအပိုဟုသာပြောတာ အသစ်ပကတိအတိုင်းရှိနေတဲ့ ဖုန်းလေး။
Lockscreen တောင် မဖွင့်ရပါပဲ ဖုနး်မျက်နှာပြင်ပေါ်တွင်မြင်နေရသော sms လေးတစ်စောင် က

ကွျန်တော် တောင်းပန်ပါတယ် အစ်ကုိသော်
တဲ့လား။

ထိုစာကို မြင်ပြီး သူ့ရင်ထဲ ဘယ်လို နားလည်ရမှန်းမသိ။ အစကတည်းက မတောင်းပန်ရအောင် ဒီလိုလုပ်ရပ်တွေ မလုပ်နဲ့လေ။ အခုတော့ လုပ်ချင်ရာလုပ်ပြီးမှ လာတောင်းပန်နေလို့လည်း အပိုပဲ...
ပြသာနာ တစ်စုံတစ်ရာဖြစ်ပြီဆို နှစ်ဦးနှစ်ဖက်စလုံး နစ်နာရတာပဲ။

သူ ဖုန်းကို တချက်ယူကြည့်ပြီးသည့်နောက် ရှိုင်းထက် နေထိုင်ရာ တုိက်ပေါ်သုိ့ တက်သွားလိုက်တော့သည်။ မနက်နှစ်နာရီထိုးခါနီး အချိန်ဖြစ်နေပြီမို့ အတတ်နိုင်ဆုံး ခြေသံကို လုံအောင် လေးလွှာအထိ ကြိုးစားတက်လိုက်သည်။

အခန်းဝရှေ့ရောက်သောအခါ တံခါးကို ခပ်ဖွဖွ သုံးချက်လောက်ခေါက်လိုက်လေသည်။ အအိပ်ဆတ်သော ရှိုင်းထက်က ချက်ချင်းပင် တံခါးလာဖွင့်ပေးတော့ သွားသုံးဆယ့်နှစ်ချောင်းလုံး ပေါ်အောင် ပြုံးပြလိုက်ပြီး အခန်းထဲသို့ လှစ်ခနဲ အတင်းတိုးဝင်လိုက်တော့သည်။
ထို့နောက် သူလာရင် အိပ်နေကျနေရာဖြစ်သော နေရာလေးမှာ အသာအယာ လှဲချလုိက်ရင်း
အိပ်စက် အနားယူရန်ပြင်လိုက်လေတော့သည်။

ရှိင်းထက်က သူ့ကို ဘုရှိုးရှိုးနေပေမဲ့ ဘာတစ်ခွန်းမှာတော့မပြော။ အချိန်မတော် စကားများနေရမည်ကို စိုးရိမ်သောကြောင့်ဖြစ်မည်။
အခန်းတံခါးကို သော့သေချာ ပြန်ပိတ်ကာ အခန်းထဲသို့ ပြန်ဝင်သွားလေတော့သည်။

သူလည်း ရှိုင်းထက် သူ့အိပ်ခန်းသို့ ပြန်ဝင်သွားသည်နှင့် လဲှနေရာမှ ချက်ချင်း ထထိုင်လိုက်ကာ
ညဦးက မသေသေးသော အရှိန်ကို ဆက်လက်တင်ရန် ရည်ရွယ်ချက်ဖြင့် ဘောင်းဘီအိတ်ကပ်ထဲသုိ့ ဟုိစမ်းဒီစမ်းလုပ်လိုက်မိတော့သည်။

MSFOMH💛 {Completed}Where stories live. Discover now