P55

11.5K 1.3K 164
                                    

"စန္ဒီ ငါ့ကို တချက်လောက် ရုိက်လိုက်စမ်းပါ"

"ဟဲ့ ဘာဖြစ်လို့လဲ"

တိမ်လွှာ၏ကောက်ကာငင်ကာထမေးလိုက်သော မေးခွန်းကို စန္ဒီက နားမလည်နိုင်စွာ ကြည့်ရင်းမှ
တစ်ခုခုကို သဘောပေါက်သွားသည့် ဟန်ဖြင့်

"ဘာမှ အိပ်မက် မက်နေတယ် မထင်နဲ့ တိမ်လွှာ၊
အဲ့ဒါနင့်မောင် တိမ်ယံဆိုတာ သေချာတယ်၊
ဘာမှ အမြင်မှားစရာ အကြောင်းမရှိဘူး"

ဟု တထစ်ချယုံကြည်စွာ ပြောလိုက်လေသည်။

ထိုစကားကြောင့် တိမ်လွှာတစ်ယောက် ငေးငေးငိုင်ငိုင်ဖြစ်သွားကာ တန်းနေေသာ မျက်ခုံးလေးနှစ်ဖက် ကျုံ့သွားသည်အထိ တွေဝေသွားလေသည်။

"ယံယံဆိုတာ သေချာတယ်ဆိုရင် ငါ့ကိုတွေ့တာ ဘာဖြစ်လို့ မျက်နှာအမူအရာက လုံးဝ မပျက်သွားတာလဲ၊ နောက်ပြီး သူ့ပုံစံက အရင်ကလိုမျိုးလည်း မဟုတ်တော့ဘူး၊ လူဆိုးတစ်ယောက်အတိုင်းပဲ"

"တိမ်လွှာ နင့်မောင်နဲ့ နင် မတွေ့ရတာ မနေ့တစ်နေ့က မဟုတ်ဘူးနော် ၊ ဆယ်နှစ် ဆယ်နှစ် အဲ့ဒါကို သတိရအုံး၊ ပြီးတော့့ တိမ်ယံက ထောင်ထဲမှာနေခဲ့ရတာကို သတိရအုံး"

အတွင်းသိ အဆင်းသိလိုဖြစ်နေသော စန္ဒီ၏စကားကြောင့် တိမ်လွှာ့မျက်နှာက ကွက်ခနဲပျက်သွားလေသည်။ ထို့နောက် တစ်ဆက်တည်းဆိုသလို အသော့်၏မျက်နှာကိုပါ ပြေးမြင်တော့ ထုတ်လက်စ ဆေးဘူးတွေကို ယောင်ရမ်းစွာ ဖျစ်ညှစ်မိတော့သည်။

"ငါက နင့်ကိုအပြစ်ပြောချင်တာ မဟုတ်ဘူး တိမ်လွှာ၊ နင့်မိဘတွေကို လွန်ဆန်လို့မရခဲ့လို့ဆိုတာကို ငါသိတယ်၊ ဒါပေမဲ့ တိမ်ယံက စွန့်ပစ်ခံရတဲ့သူလေ၊ အနည်းဆုံးတော့ သူ့ဘက်က စိတ်နာခွင့်ရှိတယ်၊ နောက်ပြီး သူ့မှာတစ်ယောက်တည်း ရုန်းကန်ခဲ့ရတာ"

"တော်တော့ စန္ဒီ၊ နင်ဆက်မပြောနဲ့တော့၊
ယံယံ့ကို ငါတို့စွန့်ပစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်၊
ဒါပေမဲ့ သူ့ဘက်ကနေ အရင်စပြီး ငါတို့မိသားစုတစ်ခုလုံး ခြေစုံကန်သွားတာကျတော့ရော ဘာပြောမလဲ၊ ဘယ်သူ့မျက်နှာကိုမှ မထောက်ပဲနဲ့လေ"

MSFOMH💛 {Completed}Where stories live. Discover now